ကျွန်းတောလမ်း ယာဉ်တိုက်မှု တစ်ဦးသေဆုံး
မတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီခန့်က ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းအတိုင်း
စမ်းချောင်းဘက်မှ ယာဉ်မောင်း အောင်ဇော်လင်း ၂၅ နှစ် မောင်းနှင်လာသည့် ဆူဇူးကီးပစ်ကပ်
အဖြူရောင်ယာဉ်သည် ကျွန်းတောလမ်းထိပ်အရောက်၌ ယာဘက်လမ်းထိပ်တွင် ရပ်ထားသည့်
အမှိုက်သိမ်းလက်တွန်းလှည်းကို ၀င်ရောက် တိုက်မိခဲ့သည်။
တိုက်မိသည့် အရှိန်ဖြင့် လှည်းဘေး အုတ်ခုံပေါ်တွင် ထိုင်နေသည့် အသက် ၁၃ နှစ် အရွယ်
မဒီဇင်ဘာထွန်းကို ၀င်ရောက်တိုက်မိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ်
သေဆုံးခဲ့သည်။
ထို့ပြင် အမှိုက်သိမ်းယာဉ် ကျပ် ၁၃၀,၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်။
ကမာရွတ်မြို့မ ရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၄ က/၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။
















