ဂက်စ်ပိုက်ပေါက်ကာ ခရီးသည်တင်ယာဉ် မီးလောင်
မတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ ခန့်က မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်တွင်
ချော်တွင်းကုန်းဘက်မှ ယာဉ်မောင်း မြင့်နိုင်၊ ၄၆နှစ် မောင်းနှင်လာသည့် အမှတ် ၁၇၄
ခရီးသည်တင်ယာဉ်သည် ၀ိုင်ယာလက် (၂) လမ်းထိပ်အရောက်၌ ဂက်စ်ပိုက် ပေါက်ကာ
မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ကျပ် ငါးသိန်းဖိုးခန့် ဆုံးရှုံးခဲ့သောကြောင့် ယာဉ်မောင်းဖြစ်သူကို မရမ်းကုန်း
မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။
















