အမြန်လမ်းပေါ်ယာဉ်တိုက်မှု သုံးဦးသေဆုံး

အမြန်လမ်းပေါ်ယာဉ်တိုက်မှု သုံးဦးသေဆုံး

မတ်လ ၂၈ ရက်နေ့ ညနေက ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နေ ဒေါ်နီလာထွန်း(၄၃)နှစ်
သည် စူပါကတ်စတန်ယာဉ်ကို နေပြည်တော် မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် မင်းစိုး ၄၈ နှစ်
မောင်းနှင်သည့် လိုက်ထရပ်ယာဉ်၏ ၀ဲဘက်ခြမ်းကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက်
တိုက်မိခဲ့သဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက်ဘေးရှိ အလူမီနီယံတန်းကို တိုက်မိကာ
လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်း မှောက်ခဲ့ပြီး စူပါကတ်စတန်ယာဉ်မှာ
လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တစ်ဖက်ယာဉ်ကြော မြေသားလမ်းဘေးရှိ မြောင်းထဲသို့
ထိုးကျ ရပ်တန့်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသူ နှစ်ဦးမှာ အခင်းဖြစ်ရာ၌
သေဆုံးသွားခဲ့ပြီး တစ်ဦးမှာ နေပြည်တော်ဆေးရုံကြီး၌ သေဆုံးသွားသည်။

သာဂရအမြန်လမ်းမကြီး ရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၄က/၃၃၈/ ၃၃ရ အရ ဒေါ်နီလာထွန်းကို
အမှုဖွင့်အရေးယူထားသည်။