ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းမတော်မြို့နယ် (၃) ရပ်ကွက် ၈ လမ်း
အမှတ် ၅၂ ရှိ ဦးရဲမြင့် ပိုင်ဆိုင်သည့် နှစ်ခန်းတွဲ ရှစ်ထပ်တိုက်၊ လေးလွှာတွင် မီးလောင်မှု
ဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့သည်။
မီးလောင်ရာသို့ နီးစပ်ရာမြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်ယာဉ် ၂၁ စီးဖြင့်
၀ုိင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။
မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ စုံစမ်းခဲ့ရာ ရွှေပြည်တန် အကြော်စုံလုပ်ငန်းမှ
ပဲနှစ်ပြန်ကျော်ရန်အတွက် ဆီအိုးတည်စဉ် ဆီအိုး မီးဖိုပေါ်သို့ လွတ်ကျရာက
မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားစဉ် အကြော်ဖိုလုပ်ငန်းတွင် အသင့်ထားရှိသည့် မီးသတ်ဆေးဘူးများဖြင့်
ကနဦး မီးငြိမ်းသတ်နေစဉ် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိ မီးငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ပဲကြမ်းအိတ် ၂၀ ၊ မီးဖိုခန်းနှင့် မျက်နှာကြက်တို့ မီးလောင်ကျွမ်းခဲ့ပြီး
ကျပ် ၈၂၀,၀၀၀ ဖိုးခန့်ဆုံးရှုံးခဲ့သည်။
အဆိုပါအမှုကို လမ်းမတော်မြို့မရဲ စခန်းက (ပ) ရ၈/၁၅ ပြစ်မှုပုဒ်မ ၂၈၅ အရ
အမှုဖွင့်အရေးယူထားသည်။
















