စာမေးပွဲကျသဖြင့် တိုက်ပေါ်မှ ခုန်ချ

စာမေးပွဲကျသဖြင့် တိုက်ပေါ်မှ ခုန်ချ

ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက်
နေကြာ/သာယာကုန်းလမ်းရှိ ရှစ်လွှာ တိုက်ခန်းတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျ
သေဆုံးကြောင်း သတင်းအရ ရဲအရာခံ ဇင်မောင်မောင်ဝင်း နှင့် အဖွဲ့က သွားရောက်
စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ် မဇွန်လေးနွယ် ဖြစ်ပြီး တိုက်ရှေ့လမ်းပေါ်တွင်
ပက်လက်အနေထားဖြင့် နောက်စေ့စုတ်ပြဲ၊ ၀ဲနားထင်သွေးထွက်၊ နှာခေါင်း သွေးထွက်၊
ပါးစပ်သွေးထွက်၊ ယာလက်ကောက်ဝတ်ဖူးရောင် ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို
တွေ့ရသည်။

စုံစမ်းချက်အရ သေဆုံးသူမှာ ကိုးတန်းစာမေးပွဲ ကျရှုံးသဖြင့် နေထိုင်ရာတိုက်ခန်း သုံးလွှာ
အမြင့်ပေ ၃၀ ခန့်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးလေးဖြစ်သူ ပြောပြချက်အရ သိရသည်။

အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပုဇွန်တောင် မြို့မရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၆/၁၅ ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်။