သီလဝါ၌ သဲတင်သမ္ဗန်နှစ်မြုပ်
ကျောက်တန်းမြို့နယ် သီလဝါကျေးရွာ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းဆိပ်ခံတံတား
အနီးတွင် မေလ ၃ ရက် နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က သဲတင်သမ္ဗန် တစ်စင်း နှစ်မြုပ်ခဲ့သည်။
နစ်မြုပ်သည့် သမ္ဗန်မှာ အလျား ၅၅ ပေ အနံ ၁၇ ပေ ခန့်လေးလုံးထိုး အင်ဂျင်တပ်ဆင်ထားသည့်
သံထည်အမျိုးအစားဖြစ်ကာ သဲ ၁၀ ကျင်းခန့်တင်ဆောင်မောင်းနှင်ပြီး ဦးချိုသဲကွင်း ရှေ့ ကိုက်
၁၀၀ ခန့် အကွာရေပြင်တွင် သဲချရန် ရေတက်ချိန်စောင့်ဆိုင်းနေစဉ် သမ္ဗာန်ပန်ကာနှင့်
သီလဝါဆိပ်ကမ်းဆိပ်ခံတံတားသို့ သွယ်တန်းထားသည့် ကြိုးငြိမိပြီး ရေစီးနှင့်မျောကာ
ဆိပ်ခံတံတားဘေးကိုက် ၅၀ ခန့်အကွာ၌ နစ်မြုပ်ခဲ့သည်။
ကျပ် ၃၀,၀၆၀,၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့သောကြောင့် တိမ်းရှောင်သွားသူ ပဲနင်းအောင်စိုးကို
ဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်ထားသည်။
















