ရွှေထည်ပစ္စည်းခိုးယူသူကို ဖမ်းမိ

ရွှေထည်ပစ္စည်းခိုးယူသူကို ဖမ်းမိ

ကရင်ပြည်နယ်နေ မတင်တင်ယုသည် မိသားစုနှင့်အတူ ဆိပ်ကြီးခနောင်တိုမြို့ နယ်နေ မိခင်ဖြစ်သူ
နေအိမ်သို့ မေလ ၃ ရက်နေ့က ရောက်ရှိစဉ် အိမ်ရှေ့ခုံတန်းလျားပေါ် တင်ထားသည့် ခရီးဆောင်
အိတ်အတွင်း ထည့်ထားသည့် ရွှေထည်ပစ္စည်း ကိုးမျိုး ကျပ် ၄၂၅၀,၀၀၀ ခန့် ပျောက်ဆုံးခဲ့့သည်။

အဆိုပါနေအိမ်သို့ ၀င်ထွက်သွား လာသူ ဒေါ်အမာ (၆၅ နှစ်)ကို စစ်ဆေးရာ ၎င်း၏
အတွင်းခံအကျႌတွင်းမှ ရွှေထည်ပစ္စည်း ကျပ် ၃,၁၅၅,၀၀၀ ကို သိမ်းဆည်းရမိခဲ့သောကြောင်း
အရေးယူထားသည်။