သဲစုပ်လုပ်သားတစ်ဦး ရေနစ်သေဆုံး
မေလ ၂၃ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက် ပဲခူးမြစ်အတွင်း
သဲစုပ်လုပ်သားတစ်ဦး ရေနစ် သေဆုံးခဲ့သည်။
သေဆုံးသူမှာ ခရမ်းမြို့နယ်နေ သဲစုပ်လုပ်သား ၀င်းရွှေ(ခ)ဇော်မိုးအောင် ၄၀ နှစ် ဖြစ်ပြီး သဲစုပ်ယူရန်
အတွက် ပဲခူးမြစ်အတွင်းဆင်းကာ သဲစုပ်စက်ဘီလူးခေါင်းကို မြစ်ကြမ်းပြင်အောင်သို့ချစဉ်
ဘီလူးချောင်းနှင့် ခြေထောက်ညပ်ပြီး ရေအောက်သဲများပိ၍ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အလောင်းတွင် ၀ဲခြေချင်းဝတ်အထက်တွင် တစ်လက်မခန့် သွေးထွက်ပေါက်ပြဲဒဏ်ရာများ
ရရှိထားသည်ကို တွေ့ရှိခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















