နို့ဆီစက်ရုံ မတော်တဆမှု အလုပ်သမတစ်ဦး သေဆုံး

နို့ဆီစက်ရုံ မတော်တဆမှု အလုပ်သမတစ်ဦး သေဆုံး

မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်က လှိုင်သာယာစက်မှုဇုန်(၄)ရှိ ၀မ်းတီးနို့ဆီစက်ရုံတွင်
ရေနွေးကန် ပြိုကျသဖြင့် အလုပ်သမားတစ်ဦး အပူလောင်ဒဏ်ရာများ ရရှိကာ အင်းစိန်ဆေးရုံသို့
တင်ပို့စဉ် သေဆုံးသွားသည်။

နို့ဆီဘူးများ သန့်စင်သည့် အလျား ၁၀ ပေ အနံလေးပေခန့်ရှိ စတီးရေနွေး တိုင်ကီနှစ်လုံးအနက်
အပေါ်တိုင်ကီမှာ အပူလွန်ကဲပြီး အဖုံးပွင့် ကွဲထွက်ခဲ့သဖြင့် အနီးတွင် အလုပ်လုပ်ကိုင်နေသည့်
လှိုင်သာယာမြို့နယ်နေ မနန်းခင်လှဆွေ (၃၉ နှစ်) နှင့် မမြတ်မွန်(၂၄ နှစ်)တို့ ဒဏ်ရာများရရှိပြီး
မနန်းခင်လှဆွေမှာ သေဆုံးသွားခြင်းဖြစ်သည်။

စက်ရုံတာဝန်ခံ မင်းဇော်(၅၃ နှစ်)ကို လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။