မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှု စွဲချက်တင်သင့် မသင့် မေလ ၂၉ ရက် အမိန့်ချမည်

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှု စွဲချက်တင်သင့် မသင့် မေလ ၂၉ ရက် အမိန့်ချမည်

တက်သစ်စမော်ဒယ် အေးချမ်းမြတ်မိုး ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က အသတ်ခံရမှုနှင့်
ပတ်သက်၍ စွဲချက်အမိန့်ချမှတ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက မေလ ၂၉ ရက်နေ့သို့
ချိန်းဆိုထားသည်။

အဆိုပါနေ့ ည ရ နာရီအချိန်ခန့်တွင် ဒဂုံမြို့နယ်နေ ကိုအာကာဝဏ္ဏ နေအိမ်တွင်ရှိ နေစဉ် အသက်
၁၉ နှစ်အရွယ် ညီမဖြစ်သူ မော်ဒယ်အေးချမ်းမြတ်မိုးက တံခါးခေါက်ကာ အမေရေကယ်ပါဦးဟု
ခေါ်သဖြင့် အစ်မဖြစ်သူနှင့်အတူ သွားရောက်ဖွင့်ပေးခဲ့စဉ် အေးချမ်းမြတ်မိုးမှာ လည်ပင်းဝဲဘက်ခြမ်း
သွေးထွက်ဒဏ်ရာများနဲ့ လဲကျသွားသဖြင့် မိသားစုနှင့်အတူ ဆေးရုံ သို့သွားရောက်စဉ် လမ်းတွင်
သေဆုံးခဲ့သည်။

စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူနှင့် ဒဂုံမြို့နယ်နေ အံ့ဖြိုးပိုင် ၂၂ နှစ် တို့ စကားများရန်ဖြစ်စဉ်
အံပိုင်ဖြိုးက ဓားဖြင့် ထိုးခဲ့ရာက ရရှိခဲ့သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် သက်ဆိုင်ရာ
ရဲစခန်းက အမှုဖွင့်ကာ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော အမှုဖြစ်သည်။

အမှုနှင့် ပတ်သက်၍ မေလ ၁၈ ရက်နေ့တွင် နှစ်ဖက်အကျိုးဆောင်များက စွဲချက်တင်သင့်မတင်သင့်
ရေးသားလျှောက်လွှဲချက်များကို တရားရုံးသို့ တင်သွင်းခဲ့ကြပြီးနောက် တရားရုံးက
စွဲချက်အမိန့်ချမှတ်ရန် မေလ ၂၉ ရက်နေ့သို့ ချိန်းဆိုထားသည်။

စွဲချက်အမိန့်ချမှတ်ပြီးပါက တရားခံပြ သက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။