ဗုံးခွဲခဲ့သည်ဆိုသူ သုံးဦးကို အမိန့်ချမှတ်မည်
ရန်ကုန်မြို့ ကုန်သည်ကြီးများ (ယခု ဆူးလေရှန်ဂရီလာ) ဟိုတယ်၊ Western Park Ruby
စားသောက်ဆိုင်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့နှင့် သာကေတ ယမုံနာအခွန်လွတ်ဈေးရှေ့
တို့တွင် အချိန်ကိုက်ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များအတွက် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသည့်
ကရင်ပြည်နယ် ဖာပွန်မြို့နယ်နေ စောမြင့်လွင်(ခ)မောထ၊ ဦးမြဖူးနှင့် ဇော်လတ်အောင်တို့ သုံးဦးကို
အမိန့်ချမှတ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုထားသည်။
အဆိုပါဖြစ်စဉ်များကြောင့် နိုင်ငံခြားသူ တစ်ဦးနှင့် ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့
သုံးဦးကို ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၃ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
















