ပါတီမြို့နယ် ဥက္ကဋ္ဌ တိုက်ခိုက်ခံရ

ပါတီမြို့နယ် ဥက္ကဋ္ဌ တိုက်ခိုက်ခံရ

လှည်းကူးမြို့နယ် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးသီရိမောင် (ခ) ဦးသီရိသည်
ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း စက်မှုဇုန်(၃) ရှိ လူနေအိမ်
ဖျက်ဆီးခံခဲ့ရသူများ နေထိုင်သည့် ဆင်ဖုံဒက္ခိဏာရုံကျောင်းသို့ အကူညီပေးရန် ပါတီဝင်များနှင့်အတူ
သွားရောက်ခဲ့သည်။

ဘုန်းကြီးကျောင်းဝင်းအရောက် လူ ၅၀ ဦးခန့် စီးနင်းလာသည့် မှန်လုံယာဉ်ပေါ်မှ ဆင်းလာသူများက
တိုက်ခိုက်ခံခဲ့ရသည်ဟု မင်္ဂလာဒုံ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။