တို့ဆေးဖြင့် လုယက်သွားဟုဆို

တို့ဆေးဖြင့် လုယက်သွားဟုဆို

ကမာရွတ်မြို့နယ် မဝါ၀ါလှိုင်သည် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နေအိမ်
တိုက်ခန်းတွင် တစ်ဦးတည်း ရှိနေစဉ် အသက် ၂၀ အရွယ် အမျိုးသမီး နှစ်ဦးရောက်လာပြီး
၎င်းတို့ ကုမ္ပဏီက အလှကုန်ပစ္စည်းများကို ပြသလိုကြောင်းပြောကာ မိတ်ကပ်ရည်ဟု ထင်ရသည့်
အရည်တစ်မျိုးကို ထုတ်ကာ ၀ဲဘက်လက်ကောက်ဝတ်ကို လိမ်းပေးခဲ့သဖြင့် နမ်းကြည့်ရာ
စကားပြောဆို၍ မရတော့ဟု ဆိုသည်။

ထို့နောက် ပိုက်ဆံတွေ ဘယ်မှထားသလဲ မေးမြန်းခဲ့ရာ လက်ညှိုးဖြင့်သာ ပြသနိုင်ခဲ့ပြီးနောက်
၎င်းတို့ နှစ်ဦးအိပ်ခန်းအတွင်း ၀င်သွားသည်ကို တွေ့ရပြီး သတိမေ့သွားခဲ့သည်ဟု ဆိုသည်။

ညနေ ၄ နာရီခန့်တွင် ပြန်လည်သတိရလာပြီး အိပ်ခန်းအတွင်းထားရှိသည့် သေတ္တာအတွင်းမှ
ကျပ် ၃၈ သိန်းနှင့်နှင့် ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ် ၆၂ သိန်းဖိုးခန့်
ပျောက်ဆုံးနေသည်ဟုဆိုကာ ကမာရွတ်မြို့မရဲစခန်းတွင် တိုင်ကြားထားသည်။