သင်္ဃန်းကျွန်းလူသတ်မှု သံသယရှိသူကို စစ်ဆေးနေ

သင်္ဃန်းကျွန်းလူသတ်မှု သံသယရှိသူကို စစ်ဆေးနေ

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက် ကန်တော်မွန်အိမ်ရာ တိုက်ခန်း တစ်ခန်းတွင်
ဇူလိုင်လ ၂၅ ရက်နေ့က အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေမှုနှင့်ပတ်သက်၍
သံသယရှိသူကို စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြိုမရဲစခန်းမှ ဒုရဲစခန်းမှူး ရဲအုပ်တင့်ဆွေက
ပြောသည်။

"အမှုနဲ့ပတ်သက်ပြီးတော့ သံသယရှိတဲ့သူကို စစ်ဆေးနေတုန်းပါဘဲ" ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တိုက်အမှတ် ၄၀၆ (ဘီ) အပေါ်ဆုံး
အလွှာ တိုက်ခန်းတွင် အဖွားနှင့် နေထိုင်နေပြီး ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာ ရှစ်ချက်နှင့်
ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံး ခဲ့သည်။