နယ်ထိန်းရဲတပ်ကြပ် သတ်သူ ဆိုသူများကို ဖမ်းဆီးထား

နယ်ထိန်းရဲတပ်ကြပ် သတ်သူ ဆိုသူများကို ဖမ်းဆီးထား

အင်းစိန်မြို့မရဲစခန်းက နယ်ထိန်း ရဲတပ်ကြပ် ချစ်ကိုကိုမောင်သည် ဇူလိုင် ၂၆ ရက်ကအမှုတစ်ခုကို
စုံစမ်းဖော်ထုတ်နေစဉ် တိုက်ခိုက်ခံရကာ ဒဏ်ရာများဖြင့် အင်းစိန် ဆေးရုံးတွင် သေဆုံးသွားခဲ့သည်။

၎င်းကို အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် နေသက်အောင်(ခ)တက်ပု(၂၀ နှစ်)က
ဓားဖြင့်ခုတ်ပြီး ချစ်ကို(၂၇ နှစ်)က စကေ ဘာဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိရသည်ဟု
ဆိုကာ ၎င်းတို့ကို ဖမ်းဆီး အရေးယူထားသည်။