ကျောက်စိမ်းဆွဲပြားခိုးသွားသည့် တရုတ်နိုင်ငံသားများကို ဖမ်းမိ
ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက်အရောင်းဆိုင်မှ ကျပ် ၁၅ သိန်းတန်
ကျောက်စိမ်းဆွဲပြား ခိုးယူသွားသူ တရုတ်နိုင်ငံသား နှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ထွက်ခွာဆောင်၌ ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးမိခဲ့သည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ဆိုင်၌ ကျောက်မျက်ရတနာများကို ထုတ်ပြခိုင်းပြီး မဝယ်ဘဲ
ထွက်သွားခဲ့ပြီးနောက် ပစ္စည်းပျောက်ဆုံး နေသဖြင့် စီစီတီဗီကို စစ်ဆေးကာ ဟူနန်ပြည်နယ်
ချန်ရှားမြို့နေ Mr.Liu Jiun Yuc နှင့် Mr.Yaung Jian Zhang တို့ကို ဖမ်းဆီးခဲ့သည်။
















