ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများ ရောင်းစားနေ

ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများ ရောင်းစားနေ

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေအတွင်း ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ
စာရွက်များကို စခန်းမှူး ကိုယ်စား ဒုရဲအုပ်နန်းအောင်၏ လက်မှတ်အတုထိုးကာ ကျပ် ၁,၅၀၀ ဖြင့်
ရောင်းချ နေမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဩဂုတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်နေ ဦးကျော်စိုးရင်၏ နေအိမ်မှ ထောက်ခံစာအလွတ်
ကိုးရွက်နှင့် ကျပ် ၁,၅၀၀ သိမ်းဆည်းရမိခဲ့ပြီး ဝေဘာဂီနယ်မြေရဲစခန်းက အမှုဖွင့်စုံစမ်းခဲ့သည်။

စုံစမ်းချက်အရ ဦးလှငွေထံမှ တစ်စောင်လျှင် ကျပ် ၈၀၀ ဖြင့် ရယူခဲ့ကြောင်းနှင့် ဦးခင်မောင်ဦးထံမှ
ကျပ် ၄၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။