အိမ်တော်ရာဘုရားအနီး လုယက်
ဒဂုံမြို့နယ်နေ ကိုအောင်ထွန်းသည် ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် အလုပ်ဆင်းပြီး
နေအိမ်သို့ပြန်လာစဉ် အိမ်တော်ရာဘုရားရှေ့အရောက်တွင် ယာဉ်တစ်စီးကရှေ့မှ ပိတ်ရပ်၍
၎င်းနောက်မှ လိုက်လာသူ လူငယ်လေးဦးက လည်ပင်းတွင်ဆွဲထားသည့် ကျပ် ၃၅၀,၀၀၀ တန်ဖိုးရှိ
ရွှေဆွဲကြိုးကို တွန်းထိုးကာ လုယူထွက်ပြေးသွားသည်ဟုဆိုသည်။
ထို့နောက် လှည့်ကင်းအဖွဲ့နှင့် အနီးရှိသူများက ၀ုိင်းဝန်းဖမ်းဆီးခဲ့ရာ လှိုင်သာယာမြို့နယ်နေ
သက်ပိုင်စိုးနှင့် ဇော်မင်းလတ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ကိုအောင်ထွန်းမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရသည်။
ဒဂုံမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိပြီး တိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းဆီးနိုင်ရန်
ဆောင်ရွက်နေသည်။
















