လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုဖိုင်အဖြစ် ပျံ့နှံ့ခဲ့သည့် လှိုင်သာယာမြို့နယ် ရွှေကောင်းကြွယ်
လဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုအား အဓိကကျူးလွန်သူ ကိုသက်မောင်မောင်ကို
ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ပြစ်မှုပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့်
ကိုမျိုးဇော်နှင့် ဖြိုးကိုကိုတို့ နှစ်ဦးကိုလည်း ပြစ်မှုပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ်
၁၀ နှစ်၊ ပြစ်မှုပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ကျခံစေရန်
မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၉ ရက်နေ့တွင် အမိန့်ချခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ ည ၁၀ နာရီခန့်က အမှတ် ၁၉ ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ
ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် ကိုသန်းဇော်ဦး ၂၅ နှစ်၊ အပါအဝင် သုံးဦး ကို
အသက် ၂၁ အရွယ် သက်မောင်မောင်က ဓားဖြင့် ထိုးပြီး အတူပါလာသူ အမျိုးသား လေးဦးတို့က
၀ုိင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သောကြောင့် ကိုသန်းဇော်ဦးမှာ သေဆုံးခဲ့သည့်အမှုဖြစ်သည်။
အမှုတွင် ပါ၀င်သည့် အသက် ၁၃ နှစ် အရွယ် တင်မောင်မျိုးပါ နှစ်ဦးမှာ အရွယ်မရောက်သေးသူများ
ဖြစ်သဖြင့် အင်းစိန်မြို့နယ် ကလေးသူငယ်တရားရုံးသို့ သီးခြား တရားစွဲဆို တင်ပို့ခဲ့သည်။
















