ဗိုက်ဘာဖြင့် ပေးပို့တိုင်ကြားသည့် စည်းကမ်းချိုးဖောက်ယာဉ် ရ၀၀ ကျော်အရေးယူခံရ

ဗိုက်ဘာဖြင့် ပေးပို့တိုင်ကြားသည့် စည်းကမ်းချိုးဖောက်ယာဉ် ရ၀၀ ကျော်အရေးယူခံရ

ယာဉ်စည်းကမ်းဖောက်သည့် မော်တော်ယာဉ်များကို ဓာတ်ပုံရိုက်ကာ ဗိုက်ဘာကတစ်ဆင့်
တိုင်ကြားမှု ယခုလအတွင်း ထောင်ကျော်ရှိခဲ့ သည့်အနက် အစီးရေ ရ၀၀ ကျော်ကို
စိစစ်ဆောင်ရွက်ပြီးဖြစ်သည်ဟု အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၏ ယခုလ ၁၇ ရက်နေ့က
စာရင်းအရသိရသည်။

"ဗိုက်ဘာနဲ့ တိုင်ကြားအရေးယူမှုကို ဩဂုတ် ၁၂ ရက်စပြီး အကောင်ထည်ဖော်ခဲ့တယ်။
အဲဒီလထဲမှာ အမှုပေါင်း ၂၆၀ ကျော်ကို အရေးယူနိုင်ခဲ့တယ်။ နည်းလမ်း မမှန်တိုင်ကြားမှုတွေတော့
ရှိတယ်။ တချို့တွေက သူ့ဘေးကနေ လမ်းပြောင်းပြန်ကျော် တက်သွားတဲ့ ကားဆိုပြီး
ပို့လိုက်တဲ့ ဓာတ်ပုံ မှာ သူ့ရှေ့ရောက်တော့မှရိုက်တဲ့ ဓာတ်ပုံတွေ ဖြစ်နေတယ်။ အဲဒီလိုဟာ
မျိုးဆိုရင်တော့ အရေး ယူဖို့ အခက်အခဲဖြစ်သွားတယ်။ စည်းကမ်းဖောက်တဲ့ အချိန်မှာ
ရိုက်တဲ့ဓာတ်ပုံကိုတော့ နံပါတ် သေချာပေါ်လွင်အောင် ရိုက်ပြီးတော့ တိုင်ကြားမယ်ဆိုရင်တော့
စည်းကမ်းထိန်း သိမ်းရတဲ့အခါ ပိုပြီးတော့ အဆင်ပြေပါတယ်" ဟု ဒုရဲမှူး ဇော်မျိုးထွန်းက
ပြောသည်။

ထိုသို့ တိုင်ကြားမှုများအနက် လမ်း ပြောင်းပြန်မောင်းမှု တိုင်ကြားမှုက အများဆုံး ဖြစ်သည်။
ဗိုက်ဘာဖြင့် လက်ခံရရှိ သည့်နေ့၊ စည်းကမ်းဖောက်ဖျက်သည့်နေရာ များကို မှတ်သားကာ
မော်တော်ယာဉ် သက်တမ်းတိုးစဉ် ပြစ်မှုကင်းရှင်းကြောင်း ထုတ်ပေး သည့်အခါ အဆိုပါ
စည်းကမ်းဖောက်မှုဖြစ်စဉ် ဓာတ်ပုံကို ထုတ်ပေးသွားမည်ဖြစ်ပြီး တရားရုံး တွင် ယာဉ်နှင့်ပတ်
သက်သည့် အမှုဒဏ်ကြေး များ ပေးဆောင်ရမည် ဖြစ်သည်။

လမ်းအသုံးပြုသူများအနေဖြင့် စည်းကမ်းချိုးဖောက်သည့် မော်တော်ယာဉ်များတွေ့ ရှိပါက
ဓာတ်ပုံမှတ်တမ်းရယူကာ ဖုန်းနံပါတ် ၀၉-၇၃၀၉၃၂၂၆၊ ၀၉-၇၉၁၂၀၃၂၈၊ ၀၉- ရ၉၅၂၅၄၇၃၀ နှင့်
၀၉-၉၇၁၂၂၀၉၅၀ များသို့ ဗိုက်ဘာကတစ်ဆင့် ပေးပို့တိုင်ကြားနိုင်ကြသည်။