မင်္ဂလာဒုံမြို့နယ်၌ စံချိန်တင်ဖမ်းဆီးရမိခဲ့ သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍
ကွင်းဆက်ဖမ်းဆီးမှုအနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ နေအိမ်တစ်အိမ်က
စိတ်ကြွဆေးပြား ၁၈ သိန်းနှင့် ဖင်စီဒိုင်းဆေးပုလင်း ၅၇၅ လုံးအပြင် ဆက်စပ်ပစ္စည်းများကို
ယခုလ ၂၁ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ မူးယစ်ဆေးများမှာကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၉၆,၁၅၀ နှင့်
ဖင်စီဒိုင်း ဆေးပုလင်းများမှာ ကာလတန်ဖိုး၅,၇၅၀,၀၀၀ ဖိုးခန့်ရှိကြောင်း သိရသည်။
"မင်္ဂလာဒုံမြို့နယ်ထဲမှာ စံချိန်တင်ဖမ်းဆီး ခဲ့တဲ့ စိတ်ကြွဆေးပြားတွေနဲ့ ထုပ်ပိုးမှုတူညီတဲ့
စိတ်ကြွဆေးပြားတွေနဲ့ ဖင်စီဒိုင်းဆေးပုလင်း တွေကို ကွင်းဆက်သတင်းအရ ဖမ်းဆီး
ဖော်နိုင်ခဲ့တာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။
မင်္ဂလာဒုံမြို့မ ရဲစခန်းနှင့် သာကေတ မြို့မ ရဲစခန်းတို့ ဆက်စပ်ဖော်ထုတ်ချက် အရ စက်တင်ဘာ
၂၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများသည်
ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် (၁၁၀) ရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန် လမ်းရှိ နေအိမ်ကို
ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အတူ ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ၀င်ရောက်ရှာဖွေစဉ် နေအိမ်အတွင်း နေထိုင် သူများ တိမ်းရှောင်နေပြီး နေအိမ်နှင့်
တွဲလျက် ကားဂိုဒေါင်အတွင်း ပီနံအိတ်ခြောက်အိတ် ဖြင့် ထည့်ထားသည့် ျွှ့ စာတန်းပါ
စိတ်ကြွ ဆေးပြား ၁၈ သိန်း၊ မင်္ဂလာဒုံမြို့နယ် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင်
ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ထုပ်ပိုးရာတွင် တူညီသည့် ပီနံအိတ်အတွင်း၌
စိတ်ကြွဆေးပြား ၁၂၃,၀၀၀၊ ဖင်စီဒိုင်း ပုလင်း ၅၇၅ ပုလင်းနှင့် သာကေတမြို့နယ် တွင်စွန့်ပစ်
ခဲ့သည့် စိတ်ကြွဆေးပြားများ ထုပ်ပိုးမှုတူညီသည့် စက္ကူပုံးသုံးပုံး အပါအဝင် ထုပ် ပိုးပစ္စည်းများ၊
စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် ပိုင်ရှင်ဖြစ်သူ ၀င်းလှိုင်၊
ကျော်အေးလှိုင်(ခ) ခိုင်အောင်စိုး၊ အိမ် စောင့်ဖြစ်သူ ခင်မောင်သန်း(၂၆ နှစ်)၊
မြတ်ကျော်(စိစစ်ဆဲ)နှင့် အပေါင်းပါတို့ ကို ဒဂုံအရှေ့မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ
၁၉(က)၊ ၂၁ အရ အရေးယူခဲ့သည်။ မင်္ဂလာဒုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင်
ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည့် စိတ်ကြွ ဆေးပြားများနှင့် ဆက်စပ်နေပြီး ထွက်ပြေးတိမ်း
ရှောင်နေသောမင်္ဂလာဒုံမြို့နယ်၌ စံချိန်တင်ဖမ်းဆီးရမိခဲ့ သည့် မူးယစ်ဆေးဝါးများနှင့်
ပတ်သက်၍ ကွင်းဆက်ဖမ်းဆီးမှုအနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ နေအိမ်တစ်အိမ်က
စိတ်ကြွ ဆေးပြား ၁၈ သိန်းနှင့် ဖင်စီဒိုင်းဆေးပုလင်း ၅၇၅ လုံးအပြင် ဆက်စပ်ပစ္စည်းများကို
ယခုလ ၂၁ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ မူးယစ်ဆေးများမှာ ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၉၆,၁၅၀ နှင့် ဖင်စီဒိုင်း
ဆေးပုလင်းများမှာ ကာလတန်ဖိုး ၅,၇၅၀,၀၀၀ ဖိုးခန့်ရှိကြောင်း သိရသည်။ "မင်္ဂလာဒုံမြို့နယ်
ထဲမှာ စံချိန်တင်ဖမ်းဆီး ခဲ့တဲ့ စိတ်ကြွဆေးပြားတွေနဲ့ ထုပ်ပိုးမှုတူညီတဲ့ စိတ်ကြွဆေးပြားတွေနဲ့
ဖင်စီဒိုင်းဆေးပုလင်း တွေကို ကွင်းဆက်သတင်းအရ ဖမ်းဆီး ဖော်နိုင်ခဲ့တာပါ" ဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။ မင်္ဂလာဒုံမြို့မ ရဲစခန်းနှင့်
သာကေတ မြို့မ ရဲစခန်းတို့ ဆက်စပ်ဖော်ထုတ်ချက် အရ စက်တင်ဘာ ၂၁ ရက် မွန်းတည့်
၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်
(၁၁၀) ရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန် လမ်းရှိ နေအိမ်ကို ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အတူ
၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ ၀င်ရောက်ရှာဖွေစဉ် နေအိမ်အတွင်း နေထိုင်သူများ
တိမ်းရှောင်နေပြီး နေအိမ်နှင့်တွဲလျက် ကားဂိုဒေါင်အတွင်း ပီနံအိတ်ခြောက်အိတ်ဖြင့်
ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွ ဆေးပြား ၁၈ သိန်း၊ မင်္ဂလာဒုံမြို့နယ် နှင့်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ထုပ်ပိုးရာတွင်
တူညီသည့် ပီနံအိတ်အတွင်း ၌ စိတ်ကြွဆေးပြား ၁၂၃,၀၀၀၊ ဖင်စီဒိုင်း ပုလင်း ၅၇၅ ပုလင်းနှင့်
သာကေတမြို့နယ် တွင်စွန့်ပစ်ခဲ့သည့် စိတ်ကြွဆေးပြားများ ထုပ်ပိုးမှုတူညီသည့် စက္ကူပုံးသုံးပုံး
အပါအဝင် ထုပ် ပိုးပစ္စည်းများ၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် ပိုင်ရှင်ဖြစ်သူ
၀င်းလှိုင်၊ ကျော်အေးလှိုင်(ခ) ခိုင်အောင်စိုး၊ အိမ် စောင့်ဖြစ်သူ ခင်မောင်သန်း(၂၆ နှစ်)၊
မြတ်ကျော်(စိစစ်ဆဲ)နှင့် အပေါင်းပါတို့ ကို ဒဂုံအရှေ့မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉(က)၊
၂၁ အရ အရေးယူခဲ့သည်။
မင်္ဂလာဒုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည့် စိတ်ကြွ
ဆေးပြားများနှင့် ဆက်စပ်နေပြီး ထွက်ပြေးတိမ်း ရှောင်နေသော Kaladan Delta
Development Co.Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ မင်းဦး ခိုင်ကို မြဝတီနယ်စပ်၌ ယခုလ
၁၅ ရက်က ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါးမှုဖြင့် တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် မြန်မာ
နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ကြိုးပမ်းလျက်ရှိသည်။
















