မင်္ဂလာဒုံမြို့နယ်၌ ဇူလိုင်လက စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍
ဆက်စပ်ကွင်းဆက် ဖမ်းဆီးမှုများတွင် ဆေးပြား ၃၄၄ သိန်းကျော်၊ ဖင်စီဒိုင်းဆေးပုလင်း ၅၇၅ လုံး
နှင့် ICE သိန်း ၃၅၀ ဖိုးတို့ကို သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့၏ စာရင်းများအရ
သိရသည်။
အမှုနှင့် ပတ်သက်ပြီး တိမ်းရှောင်နေသူများအနက် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင်ကို
စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြဝတီနယ်စပ်၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ်
ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
တက္ကသိုလ် ရိပ်မွန်အိမ်ရာရှိ လုံးချင်းတိုက်၌ စိတ်ကြွဆေးပြား ၁၈ သိန်းနှင့် ဖင်စီဒိုင်းဆေးပုလင်း
၅၇၅ လုံး၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တက္ကသိုလ်ရိပ်မွန်အိမ်ရာတွင်း အခြားတိုက်တစ်လုံး၌
စိတ်ကြွဆေးပြား ၃,၈၂၅,၀၀၀၊ တန်ဖိုးကျပ် ၁၉,၁၂၅ သန်း နှင့် ှုဃန ကျပ်သိန်း ၃၅၀ ဖိုးတို့ကို
ဖမ်းမိခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအနီး အိုးအိမ်(၆) လမ်းပေါ်တွင် ပိုင်ရှင်မဲ့
ကုန်တင်ယာဉ်ပေါ်၌ စိတ်ကြွဆေးပြား ၂၆၇ သိန်းကို ဖမ်းမိခဲ့ပြီး နောက် ဆက်စပ်နေသည့်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ Kaladan Delta Development Co., Ltd. ကို ၀င်ရောက်
ရှာဖွေခဲ့ရာ ၀န်ထမ်းများ တိမ်းရှောင်သွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့်
ဆေးပြားများနှင့် ထုပ်ပိုးမှုတူညီသည့် ဆေးပြား ၁ ဒသမ ၅ သန်း၊ သိန်း ရ၅,၀၀၀ ဖိုးကို
ထပ်မံဖမ်းမိခဲ့သည်။
ဩဂုတ် ၂၁ ရက်နေ့က သာကေတမြို့ နယ်ရှိ ရေမြောင်းတစ်ခုအတွင်းတွင် ထုပ်ပိုးမှု တူညီသည့်
စိတ်ကြွဆေးပြား ခြောက်သိန်းခန့်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့သေးသည်။
ထို့ပြင် စက်တင်ဘာ ၂၅ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံ၊
ရိုးကြီးချောင်းပတ်လမ်းရှိ ရေမြောင်းအတွင်း ဆာလာအိတ်ဖြင့်ထုပ် ပိုးလျက် ရေစိုနေသည့် ပိုင်ရှင်မဲ့
စိတ်ကြွ ဆေးပြား ၆၅,၄၀၀၊ ကျပ်သိန်း ၃,၂၇၀ ဖိုးကို သိမ်းဆည်းနိုင်ခဲ့သည်။
















