တစ်ယောက်တစ်ခွန်း စကားများရာ လူသတ်မှုကျူးလွန်

တစ်ယောက်တစ်ခွန်း စကားများရာ လူသတ်မှုကျူးလွန်

အင်းစိန်မြို့နယ်၌ တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ရာက ချွန်ထက်သည့်အရာဖြင့်ထိုးသဖြင့်
သေဆုံးမှု နို၀င်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သည်။

၎င်း၏ခင်ပွန်းကျော်မျိုးသူအပြင်မှ အရက်သောက်ပြီး နေအိမ်ကို ပြန်ရောက်လာစဉ် ၎င်းက
ဆူပူခဲ့သဖြင့် ကျော်မျိုးသူက ကလေးကိုခေါ်ပြီး နေအိမ်ပေါ်ထပ် သုံးလွှာသို့ တက်သွားခဲ့ကြောင်း၊
ကျော်မျိုးသူက သုံးလွှာအရောက်တွင် နေအိမ်ခန်းအတွင်းရှိ ပန်ကာကို ခြေထောက်နှင့် ကန်ရာက
တစ်အိမ်တည်းအတူနေ ညီမ၏ ခင်ပွန်း ၀င်းမင်းဦး(ခ)အပြူးလေးနှင့် တစ်ယောက်
တစ်ခွန်းစကားများ ရန်ဖြစ်စဉ် ၀င်းမင်းဦးက ခါးကြားမှ အချွန်ဖြင့် ထုတ်ထိုးခဲ့ကြောင်း
အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်နေ မအိအိလှိုင်က တိုင်ကြားခဲ့သည်။

ကျော်မျိုးသူတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ၀ဲနို့အုံထိုးသွင်းဒဏ်ရာ၊ ၀ဲလက်ဖျံပြတ်ရှဒဏ်ရာတို့ရရှိ
သေဆုံးခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်း(ပ) ၁၂၇၇/၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့သည်။