သုံးလ သမီးသေဆုံးမှု အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပွား

သုံးလ သမီးသေဆုံးမှု အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပွား

သုံးလ သမီးအရွယ် သေဆုံးမှုကို အကြောင်းပြု၍ တုတ်နှင့်ရိုက်၊ ဓားနှင့်ထိုးခဲ့မှု
နို၀င်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့က ခိုက်ရန်ဖြစ်ပွားကြောင်းသတင်းအရ ဒုရဲအုပ်အောင်ကျော်သန်းနှင့်အဖွဲ့
သွားရောက်စစ်ဆေးခဲ့ရာ နို၀င်ဘာ ၂၈ ရက် နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ
ဆိုက်ကားနင်းသူ ကိုမြင့်ဦး၏ သုံးလအရွယ် သမီးဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့်
သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကွမ်းယာရောင်းချသူ မစန်းနုကြည်က "လမ်းဘေးအိပ်၊ လမ်းဘေးစား
ဂရုမစိုက်လို့ သေတာ"ဟု ပြောဆိုခဲ့ရာ ကိုမြင့်ဦးက မစန်းနုကြည်ကို တုတ်ဖြင့်ရိုက်၊
ဓားဖြင့်ထိုးခဲ့သည်ဟုဆိုသည်။

မစန်းနုကြည်တွင် နဖူးဝဲဘက်ဖူးရောင်စုတ်ပြဲ၊ ယာမျက်ခုံးဘေးအောက်ဖူးရောင်၊ ယာချိုင်းအောက်
ထိုးသွင်းဒဏ်ရာ၊ နှစ်ချက်၊ ယာလက်ဖျံပြတ်ရှ ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့
တင်ပို့ကုသခဲ့ရသဖြင့် ပုဇွန်တောင်မြို့မရဲစခန်းက (ပ)၂၆၉/၁၅ ပြစ်မှုပုဒ်မ ၃၂၆/၃၂၅ အရ
အမှုဖွင့်အရေးယူခဲ့သည်။