သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် ဓါးဖြင့်
ခုတ်သတ်ခဲ့သည်ဆိုသူ တရားခံပြေး တင်မြင့်ကိုတောင်ပိုင်းခရိုင်တရားရုံးက
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (၁)(ခ) အရ မသေမချင်းကြိုးကွင်းစွပ်သတ်ရန်နှင့်
ပြစ်မှုပုဒ်မ ၃၃၂ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ဒီဇင်ဘာလ ၄ ရက်နေ့ က
အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ယခုနှစ် စက်တင်ဘာလ တွင် သန်လျင်မြို့နယ်တရားရုံးက တရားခံပြေးအဖြစ် ကြေညာ
ထားသည့် တင်မြင့် (၄၇ နှစ်)မှာ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝအလှ
တည်းခိုခန်းတွင် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိတည်းခိုနေကြောင်းသတင်းအရ
သန်လျင်မြို့မရဲစခန်းမှ ရဲအုပ် အောင်နိုင်ဦးပါ တပ်ဖွဲ့ဝင်( ၈) ဦးကသွားရောက် ဖမ်ဆီးခဲ့စဉ်
ပြန်လည်ခုခံသဖြင့် ရဲအုပ်အောင်နိုင်နှင့် ရဲတပ်ကြပ်သူရလွင်တို့ သေဆုံးခဲ့သော အမှုဖြစ်
သည်။
ပြစ်မှုကျူးလွန်သူကို ပြည်သူလူထုနှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး တောင်ပိုင်း
ခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ တရားစွဲဆိုတင် ပို့ခဲ့သောအမှုဖြစ်
သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် သန်လျင်မြို့မရဲစခန်း(ပ)၇၇၇/၁၄ ပြစ်မှုပုဒ်မ ၃၂၆ အမှုမှ
တရားခံပြေးအဖြစ် ကြေညာထားသူ တစ်ဦးဖြစ် သဖြင့် သန်လျင်မြို့နယ်တရားရုံးတွင်
ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်လည်း အမှုဖွင့်စစ်ဆေးခဲ့သည်။
ပြစ်မှုကျူးလွန်သူ တင်မြင့်ကို တောင်ပိုင်းခရိုင်တရားရုံးက ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုကို
စစ်ဆေးနေစဉ် အောက်တိုဘာ ၂၉ ရက် ရုံးချိန်းတွင် တင်မြင့် ကို ၂၀၁၄ ခုနှစ် နို၀င်ဘာ
၂၄ ရက်က အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်အတွက် ပြစ်မှုပုဒ်မ-၃၂၆
အရအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ တောင်ပိုင်းခရိုင်တရားရုံးက
ရဲတပ်ဖွဲ့ဝင်နှစ်ဦးအသတ်ခံရမှုကို ဆက်လက်စစ်ဆေးခဲ့ရာ နို၀င်ဘာလ ၂၅ ရက်နေ့ က တောင်ပိုင်းခရိုင်တရားရုံးတွင် ပြစ်မှုုဆိုင်ရာဥပေဒပုဒ်မ ၃၀၂ (၁)(ခ)နှင့်
၀တ္တရားနှောက်ယှက်မှုတို့ ဖြင့် စွဲချက်မိန့်ချခဲ့ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ
့ ရုံးချိန်းတွင် နှစ်ဖက်အကျိုးဆောင်များက စာဖြင့် လျှောက်လဲချက်ပေး ခဲ့ကာ ယနေ့
ဒီဇင်ဘာလ ၄ ရက်နေ့တွင် တရားခံတင်မြင့်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (၁)(ခ)
အတွက် မသေမချင်းကြိုးကွင်းစွပ်သတ်ရန်နှင့် ပြစ်မှုပုဒ်မ ၃၃၂ အတွက်
အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
















