ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် အမှုကြီးဖြစ်ပွားမှု ၃၉၇ မှုသာ ဖြစ်ပွားခဲ့ရာ ၂၀၁၄
အမှုကြီးဖြစ်ပွားမှုနှင့် တူညီနေကြောင်း ရန်ကုန်တိုင်ဒေကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးတစ်ဦးက ပြောသည်။
"၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အမှုကြီးဖြစ်ပွားမှုနှုန်းက တူညီမှုရှိနေတယ်။ မှုခင်းကြိုတင်ကာကွယ်ရေး
လုပ်ငန်းတွေနဲ့ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်တွေကြောင့် မှုခင်းဖြစ်ပွားမှုနှုန်းတွေ လျော့နည်းသွားခဲ့တယ်။
ဒီဇင်ဘာ ၃၁ ရက်မှာ အမှုကြီး ဖြစ်ပွားမှုနှုန်း မရှိခဲ့ဘူး။ မီးလောင်မှု နှစ်မှု၊ ယာဉ်မတော်တဆမှု ရှစ်မှုစီနဲ့
ခိုက်ရန်ဖြစ်ပွားမှု တစ်မှုဖြစ်ပွားခဲ့တယ်" ဟု ရန်ကုန်တိုင်းဒေကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်ညပိုင်း ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားခဲ့ပြီး
ယာဉ်မတော်တဆမှုကြောင့် ဆေးရုံတက်ရောက်ကုသခံရသူ ၃၇ ဦးရှိခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက်မှ
ဇန်နဝါရီ ၁ ရက်အထိ ပြင်ပလူနာဌာန စာရင်းများအရ ဆေးကုသခံယူသူ ၂၄၁ ဦးရှိခဲ့ကြောင်း
မန္တလေးဆေးရုံကြီး ပြင်ပလူနာဌာန၏ စာရင်များအရ သိရသည်။
"လူစည်ကားတဲ့နေရာတွေကို နှစ်သစ်ကူးမတိုင်ခင်ကတည်းက မြို့နယ် သုံးမြို့နယ်စီပေါင်းပြီးတော့
လှည့်ကင်းကားတွေနဲ့ ညစဉ်ကင်းလှည့်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့တယ်။
ဒီဇင်ဘာ ၃၁ ရက်ရောက်မှ ရဲလှည့်ကင်းကားတွေနဲ့ လူစည်ကားတဲ့နေရာနဲ့ ရှိုးပွဲရှိတဲ့နေရာတွေမှာ
လုံခြံုရေးကို ဆောင်ရွက်ခဲ့တာကြောင့် မှုခင်းအနည်းဆုံးနဲ့ နှစ်သစ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်" ဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးပြည့်စုံက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာကုန်အထိ
ယာဉ်မတော်တဆမှုပေါင်း ၁၉၇၀ မှု ဖြစ်ပွားခဲ့ရာ ၃၇၁ ဦး သေဆုံးပြီး ၂,၆၀၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး(ရန်ကုန်)မှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။
















