အင်းစိန်မြို့နယ်၌ ဇန်နဝါရီ ၃ ရက်တွင် ဆိုက်ကားဂိတ်၌ ခိုက်ရန်ဖြစ်ပွားစဉ် အမျိုးသားတစ်ဦး ဒဏ်ရာများ
ရရှိသေဆုံးခဲ့သည်။
အဆိုပါနေ့တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဒေါ်စန္ဒာသိန်း နေအိမ်၌ရှိနေစဉ် ၎င်း၏ ခင်ပွန်း
အောင်ကျော်ဦးသည် မင်းခိုင်(ခ) ငမင်းဆိုသူနှင့် ဆိုက်ကားဂိတ်တွင် ခိုက်ရန်ဖြစ်ပွားနေကြောင်း
ကြားသိရသဖြင့် လိုက်သွားခဲ့ရာ အချင်းဖြစ်နေရာ၌ သွေးအိုင်များ တွေ့ရပြီး ၎င်း၏ ခင်ပွန်းကို
အင်းစိန်ဆေးရုံသို့ တင်ပို့ထားသည် ဆိုသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့သည်ဟု ဆိုသည်။
အောင်ကျော်ဦးမှာ ၀ဲနံရိုးအောက် ထိုးသွင်းဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်း ဒဏ်ရာ၊ ၀ဲလက်ဖျံ ပြတ်ရှ ဒဏ်ရာ၊
မေးစေ့အောက် ပြတ်ရှဒဏ်ရာများ ရရှိသေဆုံးသွားသဖြင့် အင်းစိန်မြို့မ ရဲစခန်းက (ပ) ၁၁/၁၆၊ ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















