ရွှေပြည်သာမြို့နယ်အတွင်း လူဆိုးလူမိုက်များက မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း
သတင်းရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ရာက လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး
တွေ့ရှိမှုတို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ
၁ ရက်နေ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၂ နာရီ ၃၅ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ စိန်ပန်း(၄)လမ်းရှိခေါလေး၏နေအိမ်တွင်မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းရ
ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များပါ၀င်သည့် ပူးပေါင်းအဖွဲ့က ၀ုိင်း
၀န်းပိတ်ဆို့ ဖမ်းဆီးခဲ့သည်။ ၎င်းင်းနေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆိုထားစဉ် ခေါလေး(ခ)
ခင်မောင်သန်း(ခ)သန်းထိုက်မှာ အိမ်ပေါ်ထပ်သို့ပြေးတက်သွားခဲ့ပြီး ရဲတပ်ဖွဲ့ ၀င်များကို
ပြန်လည်ခုခံခဲ့သဖြင့် လုံးထွေးဖမ်းဆီးခဲ့သည်။
ထိုစဉ် ခေါလေး(ခ)ခင်မောင်သန်း(ခ)သန်းထိုက်၏ တပည့်များဖြစ်သည့် သာဂိ(ခ)
ဆုအောင်(ခ)ဇွဲဆုအောင်(ခ)အသေးလေးနှင့် နားပိတ်(ခ)ဖိုးဇော်တို့မှာလည်း ဓားများ
ကိုင်ဆောင်ကာ နေအိမ် နောက်ဖေး ရှိ မြေကွက်လပ်ဘက်သို့ ထွက်ပြေးသွားစဉ် ရဲတပ်
ဖွဲ့ဝင်များက အဖမ်းခံရန်သတိပေးပြောဆိုခဲ့သော်လည်း အဖမ်းမခံဘဲ ဆက်လက် ထွက်
ပြေးနေသဖြင့် Pump Action သေနတ်ဖြင့်(၁) ချက်ပစ်ခတ်ခဲ့မှသာ ကိုင်ဆောင်ထားသော
ဓားများချ၍ ၎င်းတို့ အညံ့ခံသဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ခေါလေး(ခ)ခင်မောင်သန်း(ခ)သန်းထိုက်ပါ(၃)ဦး၏ ခန္ဓာကိုယ်ပေါ်နှင့်
နေအိမ်အတွင်းမှဓားမြှောင်မျိုးစုံ(၅)လက်၊ လေးခွ(၁)လက်၊ လက်ကိုင်ဖုန်းမျိုးစုံ(၄)လုံး WY
စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၅၇)ပြား၊ ဆေးခြောက်(၉.၅) ဂရမ်
နှင့် 2J---- Pro box မော်တော်ယာဉ်(၁)စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့ ၃ ဦးကို ရွှေပြည်သာမြို့မရဲစခန်း မယ(ပ)၃/ ၁၆၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၉(က)/၂၀(က)/ ၂၁ ဖြင့်
လည်းကောင်း ရွှေပြည်သာရဲစခန်း (ပ)၉၀/၁၆၊ လက်နက်အက်ဥပဒေ ပုဒ်မ-၁၉(က)
ဖြင့်လည်းကောင်း၊ (ပ)၉၁/ ၁၆၊ (ပ)၉၂/၁၆ လက်နက် အက်ဥပဒေပုဒ်မ-၁၉(င) ဖြင့်
လည်းကောင်း၊ အမှုများရေးဖွင့်ဆောင်ရွက်လျက်ရှိပြီး ရဲလုပ်ငန်းစစ်ဆေးမှုပြီးစီးပါက
ဥပဒေအကြံပြုရယူကာ ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် သက်ဆိုင်ရာတရားရုံးသို့
အမြန်ဆုံးတရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

















