အခြားအမျိုးသမီးများနှင့် ကာမဆက်ဆံသည့် ဗီဒီယိုဖိုင်များကို ဇနီးအားပြသသော
ခင်ပွန်းကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန်
ဇနီးဖြစ်သူက မင်္ဂလာတောင်ညွန့်မြို့နယ့်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ က
အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါနေ့ နံနက် ၁ နာရီ ၂၀ အချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်နေ အသက်
၅၄ နှစ် အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက တိုင်ကြားခဲ့ရာတွင် အသက် ၅၂ နှစ်
အရွယ်ရှိ၎င်းခင်ပွန်းဖြစ်သူနှင့် ၁၉၈၉ ခုနှစ်တွင်လက်ထပ်ထိန်းမြားခဲ့ပြီး သား ၂ ဦးထွန်း
ကားခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူက ၎င်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သည့်
အမျိုးသမီးတစ်ဦးနှင့် လုပ်ငန်းနှင့်မသက်ဆိုင် သည့်နေရာများသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကာ
လင်မယား အဖြစ်ပေါင်းသင်းဆက်ဆံကြပုံများကို ပတ်ဝန်းကျင် ၏ ပြောပြချက်ရ သိရှိခဲ့သည်။
ထိုသို့သိရှိသဖြင့်စုံစမ်းခဲ့ရာလင်မယားအဖြစ်ပေါင်းသင်းနေထိုင်သည်ကိုတွေ့ခဲ့ရပြီး၊
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အခြား အမျိုးသမီးများနှင့် ကာမဆက်ဆံသည့်
ဗီဒီယိုဖိုင်များကိုပြသကာ စိတ်ထောင်းကိုယ်ကြေဖြစ်စေရန် အတွက်ပေးအပ် ကြည့်ရှုစေခဲ့သည့်
အပြင် အိမ်ထောင်ရေးဖောက်ပြန်သော ပြစ်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသဖြင့် ခင်ပွန်းကို
အရေးယူပေးရန်တိုင်ကြားခဲ့သည်။ မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းက(ပ)၉၆/၁၆ တစ်လင်တစ်
မယား ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်အရေးယူထားသည်။
















