ကာမစိတ်ကြွ အားတိုးဆေးပြားများဖမ်းမိ

ကာမစိတ်ကြွ အားတိုးဆေးပြားများဖမ်းမိ

မင်္ဂလာတောင်ညွန့်မြို့နယ်ရွှေပြည့်စုံစျေးတွင် ကာမနှင့် သက်ဆိုင်သည့် ဆေးဝါးများကို
ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် သိမ်းဆည်းဖမ်းဆီးခဲ့သည်။

အဆိုပါနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ အဖွဲ့တစ်ဖွဲ့သည်
သပြေကုန်းရပ်ကွက် ရွှေပြည်စုံစျေး တတိယထပ်၊ ဆိုင်အမှတ် (E)တွင်တရားမဝင်ကာမစိတ်ကြွ အားတိုးဆေးပြားများရောင်းချနေကြောင်း သတင်း အရသွားရောက် စစ်ဆေးခဲ့သည်။

သတင်းရရှိထားသည့် ဆေးဆိုင်အတွင်း ရှာဖွေရာ Max Man စာတန်းပါ အပြာရောင်လေးထောင့်
၁၀ ဗူး၊ New Play Boy စာတန်း ပါ အဝါရောင် လေးထောင့် ၁၀ ဗူး၊ Xtra Force ၁၀၀ စာတန်းပါ
ဆေး ၂၀ ပါ စက္ကူဗူး ၃ ဗူး၊ ပိတုန်း တံဆိပ် ပါကင် ၁၀ ဗူးပါ ၅ ပါကင်၊ တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက(ပ)၉၁/၁၆ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
အရေးထားသည်။