ခိုက်ရန်ဖြစ်ပွားစဉ် ၀င်ရောက်ဖျန်ဖြေသူ ဓါးဖြင့် ထိုးသတ်ခံရ

ခိုက်ရန်ဖြစ်ပွားစဉ် ၀င်ရောက်ဖျန်ဖြေသူ ဓါးဖြင့် ထိုးသတ်ခံရ

မရမ်းကုန်းမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့က ခိုက်ရန်ဖြစ်ပွားစဉ် ၀င်ရောက်
ဖျန်ဖြေသူ ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းချက်အရနံနက် ၃ နာရီခွဲအချိန်တွင် မုဒိတာ အိမ်ရာ
ရှေ့တွင်မတ်တပ်(စုံစမ်းဆဲ)နှင့်အောင်နိုင်သူ(ခ)ဖိုးခွား(၂၂ နှစ်) နှင့်အောင်ဇော်မင်း
(၂၃နှစ်)တို့ကို စကားများရန်ဖြစ်နေသည်ကို အဝေးမှတွေ့သဖြင့် သွားရောက်ဖျန်ဖြေစဉ်
(သေဆုံးသူ) က အောင်နိုင်သူနှင့် အောင်ဇော်မင်းတို့ကိုလက်သီးနှင့် ထိုးခဲ့သည်။

ထို့နောက် (သေဆုံးသူ)နှင့် အောင်နိုင်သူတို့ လုံးထွေးသတ်ပုတ် စဉ် အောင်ဇော်မင်းက
(သေဆုံးသူ)ကို ဓါးဖြင့်ထိုးခဲ့ကြောင်းသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဘုရင့်နောင်နယ်မြေရဲစခန်းက(ပ)၉၂^၁၆ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။