ဆွဲကြိုးချသေဆုံးသူက မည်သည့်ပရောဂါမှ မပါကြောင်း သေတမ်းစာရေးသားခဲ့

ဆွဲကြိုးချသေဆုံးသူက မည်သည့်ပရောဂါမှ မပါကြောင်း သေတမ်းစာရေးသားခဲ့

မည်သူ့ပရောဂါမှမပါကြောင်း သေတမ်းစာရေးသားကာ ဆွဲကြိုးချစီရင်သွားခဲ့သည်
ဆိုသည့် သေမှုသေခင်းတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၄၅ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့ ရပ်ကွက်တွင်
အမျိုးသားတစ်ဦးသေဆုံးကြောင်း သတင်းအရ ထောက်ကြန့်မြို့မ ရဲစခန်း မှူး ရဲအုပ်ဝင်းဌေးနှင့်
အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဆိုင်ကယ် ကယ်ရီမောင်းနှင်သည့်
၀ဏ္ဏထွန်း(၂၈ နှစ်) ဖြစ်ပြီး ဇနီးဖြစ်သူနှင့်မကြာခဏ စကားများရန်ဖြစ်ကာ ဇနီးဖြစ်သူနေအိမ်မှ
ဆင်းသွားသည့် ကိစ္စနှင့်ပတ်သတ်၍ နေအိမ် ထုပ်တန်းတွင် နိုင်လွန်ကြိုးကို အသုံးပြုကာ
ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံး သူအိမ်ရာဘေးတွင် "ကိုယ့်ကိုယ်ကို အဆုံးစီရင်သွာခြင်းဖြစ်သဖြင့် ၎င်းင်းသေဆုံးမှုတွင် အခြားတစ်စုံတစ်ယောက်၏ပရောဂါမျှမပါ၀င်ကြောင်း သေတမ်းစာအဖြစ်ရေးသားခဲ့ခြင်း
ဖြစ်ကြောင်း" စာတစ်စောင်ကို သက်ဆိုင်ရာ က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းကိုအင်းစိန်ဆေးရုံသို့ပို့အပ်ခဲ့ရာ ပီအာရ် ၁၇ ဖြင့် လက်ခံထားပြီး ထောက်ကြန့်
နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၃/၁၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။