အလုပ်မလုပ်ရန်တားမြစ်ခံရ၍ ပိုးသတ်ဆေးသောက် သေဆုံး

အလုပ်မလုပ်ရန်တားမြစ်ခံရ၍ ပိုးသတ်ဆေးသောက် သေဆုံး

တွံတေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး
ပိုးသတ်ဆေးသောက်သုံးကာ သေဆုံးခဲ့သည်ဆိုသည့် သေမှုသေခင်းတစ်ခု ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ဇီးဖြူကုန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး
ည ရ နာရီ အချိန်ခန့်က ထမင်းစားပြီးချိန်တွင် ရန်ကုန်ရှိစက်ရုံတစ်ခုတွင် အလုပ်လုပ်ရန်အတွက်
ဖခင်ဖြစ်သူကိုပြောဆိုခဲ့စဉ် ဖခင်ဖြစ်သူက အသက်ငယ်သေး၍ အလုပ်မလုပ်ရန်ပြောဆိုခဲ့
သည်ကိုမကျေမနပ်ဖြစ်ခဲ့ကြောင်းအဒေါ်ဖြစ်သူက ဆိုသည်။

ထိုအမျိုးသမီးငယ် အခန်းတွင်းဝင်ရောက်ပြီး ၁၀ မိနစ်ခန့်အကြာ ပိုးသတ်ဆေးနံရရှိကာ
ဗိုက်အောင့်ကြောင်းပြောဆိုသဖြင့် အဒေါ်ဖြစ်သူကကြည့်ရှုစဉ်ပိုလိုပိုးသတ် ဆေးသောက်
ထားကြောင်းပြောသဖြင့် တွံတေးဆေးရုံသို့တင်ပို့စဉ် နာရီဝက်အကြာ တွင်သေဆုံးခဲ့သည်။
တွံတေးမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ရ/၁၆ ဖြင့်အမှုဖွင့်စစ်ဆေး လျက်ရှိသည်။