အိမ်ပြန်ရန် အဖော်အဖြစ် ထည့်ပေးလိုက်သူက သားမယားပြုကျင့်

အိမ်ပြန်ရန် အဖော်အဖြစ် ထည့်ပေးလိုက်သူက သားမယားပြုကျင့်

လှည်ကူးမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးကို နေအိမ်သို့ပြန်ရန် အဖေါ်အဖြစ် အဒေါ်ဖြစ်သူ
ထည့်ပေးလိုက်သည့် အလုပ်သမားက သားမယားပြုကျင့်ခဲ့သည် ဆိုကာ တိုင်ကြားမှု
ဖေဖော်ဝါရီလ ၃ ရက်နေ့ကဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ဖောင်ကြီး
အနောက်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးသည် ဘုရားကုန်း ကျေးရွာ၌
နေထိုင်သည့် အဒေါ်ဖြစ်သူနေအိမ်သို့သွားရောက်ခဲ့သည်။ ထို့နောက် ဖောင်ကြီး
အနောက်ဘက်ရှိ နေအိမ်သို့ပြန်ရန်အတွက် အဒေါ်ဖြစ်သူကဝါးတင်ယာဉ်တွင် ယာဉ်နောက်
လိုက်အဖြစ်လုပ်ကိုင်သည့် မောင်စန်း (၂၈ နှစ်) ကို ဆိုင်ကယ်နှင့် လိုက်ပိုခိုင်းခဲ့သည်။

မောင်စန်းလိုက်ပို့သည့် ဆိုင်ကယ်ဖြင့် စည်ပင်လမ်းအတိုင်းမောင်းနှင်ခဲ့ပြီး ရေတွင်းကုန်း
သချႋုင်းအလွန် လမ်းကြားအရောက် ဆိုင်ကယ်ကိုရပ်ကာ လမ်းဘေးခြုံအတွင်းသို့ အတင်း ဆွဲခေါ်ကာနာရီဝက်ခန့်သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး နေအိမ်သို့ပြန်ပို့ ပေးခဲ့ကြောင်း
အမျိုးသမီးငယ်က အဒေါ်ဖြစ်သူကိုပြောပြကာ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေ၆နာရီခွဲတွင်
သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။ ဖောင်ကြီးရဲစခန်းက(ပ)၁၃^၁၆ ပြစ်မှုပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူ ထားသည်။