ကျွန်းသစ်ခွဲသားများတရားမဝင်သယ်ဆောင်သူအရေးယူခံရ

ကျွန်းသစ်ခွဲသားများတရားမဝင်သယ်ဆောင်သူအရေးယူခံရ

လှည်းကူးမြို့နယ်တွင် စူပါကာစတန်ယာဉ်ဖြင့် ကျွန်းသစ်ခွဲသားများ တရားမဝင်သယ်
ဆောင်ခဲ့ သည်ဆိုသူ ၂ ဦးကို သစ်တောဦးစီးဌာန နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ
၃ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် လှည်းကူးမြို့နယ် သစ်တောဦးစီးမှူး တောအုပ်
ဦးညီညီလွင်နှင့်အဖွဲ့သည် လှည်းကူးတာဆုံ ဒါးပိန်လမ်းခွဲဘက်သို့ မောင်း နှင်လာသည့်
မသင်္ကာဖွယ်တွေ့ရှိရသည့် စူပါကာစတန်ယာဉ်ကို ဆားတလင်းလမ်း ဆူမို စက်ရုံရှေ့
အရောက် ရပ်တန့်စစ်ဆေးခဲ့သည်။

ယာဉ်ပေါ်တွင် ကျောက်တံခါးမြို့နယ်၊ စျေးတန်းရပ်ကွက်နေ စိုးခိုင်(၃၃ နှစ်) နှင့်
ယာဉ်နောက်လိုက် ရဲနောင်(၃၂ နှစ်)တို့ကို တွေ့ရှိပြီး ကျွန်းသစ်ခွဲသားဆိုဒ်စုံ၂၄ ချောင်းကို
တရားမဝင်သည်ဆောင်လာသည်ကိုတွေ့ရသဖြင့် လှည်းကူးမြို့မရဲစခန်းက(ပ) ၁၃၂/၁၆
သစ်တောဥပေဒပုဒ်မ ၄၃(က) အရ အမှုဖွင့် အရေးယူထားသည်။