မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်မည်သူများ လဝက ကောင်တာတွင် နိုင်ငံကူး
လက်မှတ် စကင်ဖတ်စစ်ဆေးခဲ့ရာက နိုင်ငံကူးလက်မှတ်အတုပြုလုပ်မှုဖြင့် ဖေဖော် ၀ါရီလ
၃ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်
လူကုန်းကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြု လုပ် တိုင်ကြား
စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လေဆိပ်တာဝန်ခံ ဒုရဲမှူး အောင်စိုး၏ အကြောင်းကြားချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့
ညနေ ၄ နာရီခွဲအချိန်ခန့်တွင်မြန်မာလေကြောင်းခရီးစဉ်အမှတ် ၈ြ ၅၀၁ ဖြင့် ရန်ကုန်လေဆိပ်မှ
မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်မည့် ကရင်ပြည်နယ် ဘားအံမြို့နယ်နေ
စောကလီဖော (၂၇ နှစ်)၊ ၊ နော်ကောလားမူး(၂၆ နှစ်)၊ နော်ကြည်ကြည်(၃၄ နှစ်)၊ တို့၏ နိုင်ငံ
ကူးလက်မှတ်များကို လဝက ကောင်တာမှ ှခညေ ဖတ် စစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ်များ
စက်မဖတ်သဖြင့် သံသယဖြစ်ဖွယ် တွေ့ရှိ ကြောင်း ပြည်ပထွက်ခွာလေဆိပ်ကောင်တာမှ
လဝကမှူး ကိုထွန်းထွန်းက လေ ဆိပ်တာဝန်ကျ သတင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များက နိုင်ငံကူး လက်မှတ်သံသယရှိသူ
၃ ဦးကို စစ်ဆေး ခဲ့ရာ စာအုပ်၌ ထုတ်ပေးရက်နှင့်ကုန်ဆုံးရက်တို့မှာ ပြုပြင်ထားကြောင်း
စစ်ဆေးတွေ့ ရှိခဲ့သည်။
၎င်းင်းတို့ ၃ ဦးကို ၎င်းင်းစာအုပ်များကို မွန်ပြည်နယ် သထုံမြို့နယ် စစ်မှုထမ်းဟောင်းလမ်းနေ
ဒေါ်ဝင်း(ခ) နော်ဝေးနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ဒေါ်ဌေး(ခ)ကြည်ကြည်ဌေး နှင့် မသင်း(စုံစမ်းဆဲ)တို့က နိုင်ငံကူးလက်မှတ်များနှင့်ဗီဇာနှင့် လေယာဉ်လက်မှတ်တို့ကိုအခကြေးငွေရယူကာ
ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ် ကြောင်းသိရသဖြင့်အရေးယူပေးရန် တိုင်ကြားခဲ့သည်။ မင်္ဂလာဒုံမြို့မ
ရဲစခန်းက(ပ)၈၀^၁၆ ပြစ်မှုပုဒ်မ ၄၂၀^၄၆၈ အရလည်းကောင်း၊ (ပ) ၈၁^၁၆ ပြည်ပအလုပ်အကိုင်
ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရလည်းကောင်း အမှုဖွင့် အရေးယူခဲ့ပြီး လိမ်လည်အတုပြုလုပ်ပေးသူ ၃ ဦးကို
စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်း လျက်ရှိသည်။
















