လှေခါးပေါ်မှပြုတ်ကျသေဆုံးသည်ဆိုသူကို စစ်ဆေးခဲ့ရာက လူသတ်မှု ပေါ်ပေါက်

လှေခါးပေါ်မှပြုတ်ကျသေဆုံးသည်ဆိုသူကို စစ်ဆေးခဲ့ရာက လူသတ်မှု ပေါ်ပေါက်

နေအိမ်လှေခါးပေါ်မှပြုတ်ကျကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
သေမှုသေခင်းဖွင့်လှစ်စစ်ဆေးခဲ့ရာက ၀ုိင်းဝန်းရိုက်နှက်သဖြင့် သေဆုံးခဲ့ကြောင်း ပေါ်ပေါက်သဖြင့် လူသတ်မှုဖွင့်လှစ်အရေးယူခဲ့မှု ဖေဖော်ဝါရီလ ၂ ရက်နေ့ က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်ပြည်သူဆေးရုံကြီးတွင် လှိုင်မြို့နယ်နေ သန်းထိုက်
(ခ)ကောက်ကောက်(၂၇ နှစ်)မှာ တိုက်ပေါ်မှပြုတ်ကျကာ အမေတူအဖေ ကွဲ တော်စပ်သူ
အောင်ကျော်(၃၈ နှစ်)က ဆေးရုံသို့ လိုက်ပါပို့ဆောင် စဉ်ရရှိထားသည့် နဖူးယောင်၊ နှာခေါင်း
သွေးထွက် အပေါ်နှုတ်ခမ်းဖူးရောင်၊ ယာလက်ဖျံညိုမဲ၊ ယာခါး ဆစ်ပွန်း၊၀ဲယာဒူးပွန်းစုတ်၊
၀ဲဒူးဖူးယောင်ဒဏ်ရာ များ ရရှိထားသဖြင့် လမ်းတွင် သေဆုံး ခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့၏
ကနဦးစစ်ဆေးချက်တွင် ဖော်ပြထားသည်။ လှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက
အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ် ဆေးခဲ့ရာ သေဆုံးသူနေအိမ်တွင် လွန်ခဲ့သော
၁ လ ခန့်က ငှားရမ်းနေထိုင်သည့် သူငယ်ချင်းဖြစ်သူ ရှမ်းပြည်နယ် လားရှိုးမြို့နေ
၀ဏ္ဏ(၂၉ နှစ်)မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်၌ ၎င်းအလုပ်ကပြန်ရောက်စဉ်
သန်းထိုက်(ခ) ကောက်ကောက်က အရက်မူးပြီး စိန်ခေါ်သဖြင့် နေအိမ်ရှေ့ ပျဉ်ပုံတွင် လုံးထွေးသတ်
ပုတ်ထိုးခဲ့ကြောင်း၊ ထိုသို့ ထိုးစဉ် တစ်အိမ်တည်းအတူနေ သန်းထိုက်(ခ) ကောက်ကောက်၏
အဖေတူအမေကွဲ ညီအစ်ကိုတော်စပ်သူ မင်းသူ(၄၀ နှစ်)က သန်းထိုက် (ခ)ကောက်ကောက်ကို
၎င်းနေအိမ်ပြန်လည်ပြုပြင်ရာတွင် ကူညီမှုမရှိဘဲ အမြဲတစေ ပြဿနာရှာ တက်သေဖြင့် မကျေမနပ်ဖြစ်ကာ
နေအိမ်ရှေ့ ပျဉ်ပုံရှိ သစ်သားချောင်းဖြင့် ၀င်ရောက်ရိုက်နှက်ခဲ့သည်။

ထိုသို့ဝင်ရောက်ရိုက်နှက်စဉ်၎င်းင်း၏ ညီဖြစ်သူ စံကျော်လင်း(ခ)ဒုံးကျဉ် (၂၅ နှစ်)က ၀င်ရောက်ဖျန်ဖြေရာ
မင်းသူနှင့်ဝဏ္ဏ တို့ အပြင်ထွက်သွားစဉ် စံကျော်လင်းမှ သန်း ထိုက်(ခ)ကောက်ကောက်ကိုနေအိမ်တွင်
အိပ်ခိုင်း ထားခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပါးစပ်မှအမြုပ်များ
ထွက်လာပြီး ဆေးရုံသို့ပို့ ဆောင်စဉ် သန်း ထိုက်(ခ)ကောက်ကောက်မှာ သေဆုံးခဲ့သည်။
လှိုင်မြို့မရဲစခန်းက(ပ)၅၉^၁၆ ပြစ်မှုပုဒ်မ ၅၉^၁၆ ပြစ်မှုပုဒ်မ ၃၀၂^၁၁၄ အရ အမှုဖွင့်
အရေးယူထားသည်။