ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လွန်ခဲ့သော ရ လခန့်က ကွဲကွာခဲ့သည့် ခင်ပွန်းက စကားပြောရန်
ရှိသည်ဟု ပြောဆိုကာ လက်ကိုင်ဖုန်းနှင့်ငွေများလုယူခဲ့သည်ဆိုကာတိုင်ကြားခဲ့မှု
ဖေဖော်ဝါရီလ ၅ ရက်နေ့ကဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ညနေ ၅ နာရီအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေမဇင်မာသက်သည် (၁၈/L)ရပ်ကွက် မြရည်နန္ဒာလမ်းထိပ်ရှိ ဖုန်းဆိုင်မှပြန်ခဲ့သည်။
ထိုသို့ပြန်လာစဉ် ကျွန်းတောလမ်းနှင့်ကျွန်းရွှေမြိုင်လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်
အနီးအရောက် လွန်ခဲ့သော ရ လခန့်က ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဖြစ်သူ
အေးပိုင်ကျော် (၂၈ နှစ်)က စကားခဏ ပြောလိုကြောင်း ပြောဆိုခဲ့သည်။ ၎င်းက
စကားမပြောလိုကြောင်းပြောဆိုရာ အေးပိုင်ကျော်က မဇင်မာသက် လက်ထဲတွင်
ကိုင်ထားသည့် ငွေကျပ် ရ၅၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး စုစုပေါင်း ၁၈၅၀၀၀
တန်ဖိုးထည့်ထားသည့် လက်ကိုင်အိတ်ကို လုယူထွက်ပြေးခဲ့သောကြောင့် အရေး
ယူပေးရန်တိုင်ကြားခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက(ပ)၁၆၂^၁၆ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။
















