ကာမဆေးမှာယူပြီး လာပို့စဉ်ဖမ်းဆီး

ကာမဆေးမှာယူပြီး လာပို့စဉ်ဖမ်းဆီး

 

အမျိုးသားဆေးဝါးများကြော်ငြာရောင်းချသူကို ပစ္စည်းမှာယူခဲ့ပြီး လာရောက်ပို့ဆောင်စဉ်
သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့မှု ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၃ နာရီ ၄၅ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲအုပ်
သန်းဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အမျိုးသားဆေးဝါးများ ကြော်ငြာရောင်းချနေ
သည့် ဖုန်းနံပါတ် သို့ ဆက်သွယ်ကာ ပစ္စည်းများမှာယူခဲ့ပြီး တောင်ညွန့်ကြီးရပ်ကွက်
ကျောင်းလမ်းထိပ် သို့ လာရောက်ပို့ဆောင်ရန်ချိန်းဆိုခဲ့သည်။ ချိန်းဆိုသည့်နေရာသို့
ပစ္စည်းများလာရောက်ပို့ဆောင်သူ လမ်းမတော်မြို့ နယ်နေ ရဲအောင် (၂၅ နှစ်) ကို
ရှာဖွေခဲ့သည်။

၎င်းင်းထံမှ စက္ကူဗူးဖြင့်ထည့်ထားသည့်Max Man စာတန်းပါအမျိုးသားကာမအားတိုးဆေး
သံဗူး ၁၂ ဗူး၊ Developpe Sex စာတန်းပါ လိမ်းဆေးဗူး ရ ဗူး၊ Plant Vigra စာတန်းပါ
ကာမအားတိုးဆေး ၁၀ ဗူး၊ Delay Spray စာတန်းပါ အမျိုးသားကာမဖျန်းဆေး ၅ ဗူး၊ တို့ကို
ကိုတွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက(ပ)၁၁၈/ ၁၆ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့်
အမှုဖွင့်အရေးယူထားသည်။