ခင်ပွန်းဖြစ်သူက လူမှုကွန်ယက်ပေါ်တွင် သိက္ခာကျဆင်းအောင်လုပ်သဖြင့် တိုင်ကြား

ခင်ပွန်းဖြစ်သူက လူမှုကွန်ယက်ပေါ်တွင် သိက္ခာကျဆင်းအောင်လုပ်သဖြင့် တိုင်ကြား

ခင်ပွန်းဖြစ်သူက လူမှုကွန်ယက်ပေါ်တွင် "မယားကြီးဇယားလေးတွေနဲ့ ဘယ်သူမှမသိအောင်
ဒိတ်မယ်"အစရှိသည့် ဂုဏ်သိက္ခာကျ ဆင်းစေသည့် စာသားနှင့် ဖုန်းနံပါတ်များ
ဖော်ပြခဲ့ခြင်းကြောင့် ဆက်သွယ်ရေးဥပဒေအရ အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့မှု
ဖေဖော်ဝါရီလ ရ ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ရ နာရီ ၄၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ် နေသူ အသက် ၃၅ နှစ်အရွယ်
အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် တရားဝင် လက်ထပ်ပေါင်းသင်း
နေထိုင်သည့် ခင်ပွန်းဖြစ်သူ ထွန်းအောင်ကျော်(၃၇ နှစ်)က လူမှုကွန်ယက်စာမျက်နှာပေါ်တွင်
ထွန်းအောင်ကျော် အမည်ဖြင့် အသုံးပြုကာ ၎င်းအပေါ် မဟုတ်မမှန်စွပ်စွဲသော စာသားများ
ရေးသားဖော်ပြခြင်းနှင့် ဂုဏ်သိက္ခာနှင့် အသရေပျက်စေမည့် စာသားများဖြစ်သည့်
"မယားကြီးဇယားလေးတွေနဲ့ ဘယ်သူမှမသိအောင် ဒိတ်မယ်" စသည့် စာသားများနှင့်
ဖုန်းနံပါတ်များ ပါထည့်သွင်းရေးသားဖော်ပြခဲ့ခြင်း၊ ခြိမ်းခြောက်စာသားများရေးသား
ဖော်ပြခြင်းတို့ပြုလုပ်လာသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဗိုလ်တထောင်မြို့မရဲစခန်းက(ပ) ၃၄/၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ
အမှုဖွင့်အရေးယူထားသည်။