မင်္ဂလာဒုံမြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးတစ်ဦးကို အသက် ၅၂ နှစ်အရွယ်
အမျိုးသားက တီဗီသွားကြည့်စဉ် သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ
၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ရ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာနေ
အသက် ၄၆ နှစ်အရွယ် အမျိုးသားက တိုင်ကြားရာတွင် မိဘအုပ်ထိန်းမှုအောက်အရွယ်
အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူကသားမယားပြုကျင့်ခံရ ကြောင်းပြောပြသိရသဖြင့်
မေးမြန်းခဲ့သည်။
၂၀၁၅ ခုနှစ်ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် သမီးဖြစ်သူကို
တစ်ရွာတည်းနေ စိုးနိုင်(၅၂ နှစ်)၏ နေအိမ်တွင် တီဗီသွားကြည့်ခဲ့သည်။
ထို့နောက် နေအိမ်သို့ပြန်လာပြီး အနွေးထည်ဝင်ယူစဉ် စိုးနိုင် က နောက်မှလိုက်လာပြီး
နေအိမ်တံခါးကိုဆောင့်တွန်းဖွင့်ကာ နေအိမ်အရှေ့ဘက်ခြံအတွင်း အတင်းတွန်းလှဲကာ
သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိသမီးကို
သားမယားပြုကျင့်သူ အား အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၉၁/၁၆ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
















