အင်းစိန်မြို့နယ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေသူ ၃ ဦးကို သက်ဆိုင်ရာက
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သတင်းအရ ဖမ်းဆီးစစ်ဆေးခဲ့သည်။
အဆိုပါနေ့ ည ၁၁ နာရီ ၄၅ အချိန်ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းလှိုင်နှင့်
အဖွဲ့သည် ရွာမအနောက်ရပ်ကွက် ရ နံပါတ် ဆန်စက်လမ်းရှိမစုစုအေးနေအိမ်တွင်
ဖဲလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ၀င်ရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် မစုစုအေး(၃၀ နှစ်)၊ တင့်ဇော်(၃၈ နှစ်)၊ မလှလှထွေး(ခ)ဘီလူးမ
(၃၀ နှစ်)နှင့်မသဲစု(စီစစ်ဆဲ)တို့ကို လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိခဲ့သည်။
၎င်းင်းတို့ထံမှ မသဲစု (စီစစ်ဆဲ)မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျန်သုံးဦးကို
ဖဲလောင်းကစားပြုလုပ်ရာတွင် အသုံး ပြုသည့် ဖဲချပ် ၅၂ ချပ်နှင့် လောင်းကြေးငွေကျပ်
၁၀၈ç၁၀၀ တို့နှင့်အတူဖမ်းဆီးရမိ ခဲ့သောကြောင့် အရေးယူပေးရန်တိုင် ကြားခဲ့သည်။
အင်းစိန်မြို့မရဲစခန်းက(ပ)၁၈၉/၁၆ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ
အမှုဖွင့်အရေးယူထားသည်။
















