ခင်ပွန်းက စားသောက်ဆိုင်မှ အမျိုးသမီးကို ခိုးယူပေါင်းသင်း၍ ဇနီးက တိုင်တန်း

ခင်ပွန်းက စားသောက်ဆိုင်မှ အမျိုးသမီးကို ခိုးယူပေါင်းသင်း၍ ဇနီးက တိုင်တန်း

နောက်အိမ်ထောင်ပြုသွားသည့် ခင်ပွန်းကို တစ်လင်တစ်မယား ဥပဒေအရ အရေးယူပေးရန်
တိုင်ကြားမှု ဖေဖော်ဝါရီလ ၈ ရက်နေ့က တိုက်ကြီးမြို့နယ် တွင်ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီအချိန်တွင် တိုက်ကြီးမြို့နယ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နေ
သော်တာဖြိုးဝေလွင် (စီစစ်ဆဲ)နှင့် ၎င်းမှာ တရားဝင်အကြင် လင်မယားအဖြစ် မင်္ဂလာဆောင်
လက်ထပ်ပေါင်း သင်းနေထိုင်ခဲ့ကြောင်း တိုင်ကြားချက် တွင်ဖော်ပြထားသည်။

ခင်ပွန်းဖြစ်သူ သော်တာဖြိုးဝေလွင်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ရန်ကုန်မြို့ရှိ ပန်းချီသင်တန်းကျောင်း
တစ်ခုတွင် ယာဉ်မောင်းလုပ်ကိုင်ရန် ထွက်သွားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်
စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မစန္ဒာအောင်ကို ခိုးယူသွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး၊
ဆားလင်းကြီးမြို့နယ်တွင် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြောင်း မစန္ဒာအောင်၏
အဒေါ်ဖြစ်သူထံမှ သိရသဖြင့် ခင်ပွန်းဖြစ်သူ သော်တာဖြိုးဝေလွင်ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဖိုးခေါင်းနယ် မြေရဲစခန်းက(ပ)၈/၁၆ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့်
အမှုဖွင့်အရေးယူထားသည်။