ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နောက်အိမ်ထောင်အမျိုးသားက သမီးဖြစ်သူကို သားမယား
ပြုကျင့်ခဲ့ပြီးနောက် ခြိမ်းခြောက်ပြောဆိုကာ နောက်ထိုသို့မဖြစ်ရန် မိမိကိုယ်ကို
တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ
၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီ ၅၅ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၄၇ နှစ်
အရွယ် အမျိုးသမီးတစ်ဦး တိုင်ကြားခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင်
မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ အလုပ်သွားရန် ဟင်းချက်နေစဉ် လွန်ခဲ့သော
၆ လ ခန့်က ပေါငး်သင်းနေထိုင်သည့် နောက်အိမ်ထောင်ဖြစ်သူ ကိုဖိုးဇော်(ခ) ဖိုးထူး
(၄၃ နှစ်)မှာ သမီးဖြစ်သူ အိပ်ခန်း ခြင်ထောင်အတွင်းဝင်ရောက်ကာ သားမယားပြုကျင့်
ခဲ့ကြောင်း သမီးဖြစ်သူပြောပြချက်အရသိရှိခဲ့သည်။
ထို့နောက် ခင်ပွန်းဖြစ်သူ ကိုဖိုးဇော်(ခ) ဖိုးထူး ကို နောက်ထပ်မမှားစေရန် ပြောကြားခဲ့ရာ
၎င်းက ခြိမ်းခြောက်ပြောဆိုပြီး မိမိကိုယ်ကိုတာဝန်မယူနိုင်ကြောင်း ပြန်ပြောခဲ့သဖြင့်
သမီးဖြစ်သူကို အလိုမတူဘဲသားမယားပြုကျင့်ခဲ့သည့် ခင်ပွန်းသည်ကို အရေးယူပေးရန်
တိုင်ကြားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက(ပ) ၂၀၄/၁၆ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
















