ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကားတားစီးသူ မိန်းမလျာ ရ ဦးက ကားအံ့ဝှက်အတွင်း
ထည့်ထားသည့် ပိုက်ဆံအိတ်ကို ခိုးယူသွား သည်ဆိုကာ တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၈
ရက်နေ့ ကဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ ရ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ
ကိုဇော်မင်းထွန်းသည် ၎င်းင်းမောင်းနှင်သည့် အငှားယာဉ်ကို မောင်းနှင်နေစဉ် ၂၆ ရပ်ကွက်
အမှတ် ၂ လမ်းမ အရောက် မိန်းမလျာ ရ ဦးက ကားကိုတားကာ ဒဂုံတောင် (၂၆) ရပ်ကွက်
ပန်းခြံသို့လိုက်ပို့ရန် ပြောဆိုခဲ့သည်။
ထိုသို့လိုက် ပါပို့ဆောင်စဉ် ပန်းခြံမှတ်တိုင်အရောက် မိန်းမလျာ ရ ဦးကားပေါ်မှ ဆင်းသွားခဲ့ပြီး
၎င်းင်းလည်း လမ်းဘေးတွင် အပေါ့သွားခဲ့သည်။ ထို့နောက် ကားပေါ်သို့ပြန်တက်စဉ် ကား
အတွင်းအံ့ဝှက် အတွင်းမှ ငွေကျပ် ၄၀၀၀၀ ၊ မှတ်ပုံတင်၊ ရွှေဘောက်ချာ၊ တစ်ခုတို့ ထည့်ထား
သည့် အမျိုးသားကိုင်ပိုက်ဆံအိတ်ပျောက်ဆုံးနေသည်ကို သိရသည်။
ကားတားစီးသူ မိန်းမလျာများကို လိုက်လံရှာဖွေခဲ့ရာ (၂၅ )ရပ်ကွက်တွင်းတွေ့ရပြီး ပိုက်ဆံအိတ်ကို
ပြန်တောင်းခံစဉ် မပေးနိုင်ကြောင်းပြောဆိုထွက်ပြေးသွားခဲ့သည်။
၎င်းင်းတို့ကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်နေ ဖြိုးမင်းထက် (ခ)
ဖြူဖြူကျော်သိန်း(၁၆ နှစ်)၊ ကောင်းထက်(ခ) လရိပ်(၂၀ နှစ်)၊သန်းထွဋ်ဦး(ခ)သစ္စာမယ်(၁၈ နှစ်)၊
စိုးသီဟ(ခ)၀သုန်(၂၀ နှစ်)၊ နိုင်လင်းထက်(ခ)ခရေ(၁၈ နှစ်)၊ ထွန်းပိုင်(ခ)ထာဝရ(၂၃ နှစ်)နှင့်
မြတ်မင်းသူ(ခ) သူသူ(၁၉ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့သော ကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက(ပ) ၁၈၆/၁၆ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်အရေး ယူထားသည်။
















