ဗဟန်းမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ဖိုးခန့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ဗဟန်းမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ဖိုးခန့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

 

ဗဟန်းမြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ က ကျပ်သိန်း ၅၀၀၀ ဖိုးခန့် စိတ်ကြွဆေးပြားများ
ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ ည ရ နာရီ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၄၂)မှတပ်ဖွဲ့ဝင်များနှင့် ဗဟန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ(---မော်ဒန်--)
လက်ဖက်ရည်ဆိုင်တွင် စောင့်ဆိုင်းနေစဉ်တာမွေမြို့နယ်နေ ဇော်မင်းနိုင်(၂၈)နှစ်က
၎င်း၏ လက်ကိုင်ဖုန်းဖြင့် တာမွေမြို့နယ်နေ စိုးနိုင်ထံ မူးယစ်ဆေးဝါးများမှာယူနေသည်ကို
သိရှိခဲ့ရပြီး ဆက်လက်စောင့်ဆိုင်း နေစဉ် ည ရ နာရီ ၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်နေ
ဇော်ဇော်အောင်(၃၂)နှစ် မောင်းနှင်ပြီး စိုးနိုင်စီးနင်း လိုက်ပါသည့် အငှားယာဉ်မှာ
လက်ဖက်ရည်ဆိုင်အတွင်းသို့ဝင်ရောက်လာသဖြင့် ၎င်းယာဉ်အား ရပ်ကွက်အုပ်ချုပ်
ရေးမှူးရုံးသို့ မောင်း နှင်စေပြီးရှာဖွေခဲ့ရာယာဉ်၏ နောက်ထိုင်ခုံယာဘက်ကြမ်းခင်းပေါ်မှ
အဖြူ။အပြာရောင်ကွက်ကြား ပီနံအိတ်(၁)လုံးကို တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ
အနက်ရောင်တိတ်ဖြင့်ပတ်လျက် WY စာတန်းပါနီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁)
သိန်း ကာလတန်ဖိုးငွေကျပ် သိန်း(၅၀၀၀)ကို ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့သည်။

ထိုသို့သိမ်းဆည်းရမိခဲ့သဖြင့် စိုးနိုင်၊ ဇော်မင်းနိုင်၊ ဇော်ဇော်အောင်တို့(၃)ဦးအား
ဗဟန်းမြို့မရဲစခန်း မယ (ပ) ၆/ ၁၆ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါး
များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က) / ၂၁ ဖြင့်အမှုဖွင့်အရေးယူထားသည်။