မော်လိုက်ရဲစခန်းမှ ဒုရဲမှူးတစ်ဦး မိမိကိုယ်ကို ဆွဲကြိုးချသေဆုံး

မော်လိုက်ရဲစခန်းမှ ဒုရဲမှူးတစ်ဦး မိမိကိုယ်ကို ဆွဲကြိုးချသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မရဲစခန်းမှူး မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးခဲ့သည်ဆို
သော သေမှုသေခင်းတစ်ခု ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ သရက်
ကုန်း နယ်မြေ အမှတ် (၁) မော်လိုက်ရဲစခန်းဝင်းအတွင်း ရဲစခန်းမှူး တန်းစီအမီ ရောက်
မလာသည့်အတွက် ရဲဒုတပ်ကြပ် သန်းထွန်းအောင်က သွားရောက်ခေါ်ယူစဉ် နေအိမ်
တံခါးများ ပိတ်ထားသဖြင့် အော်၍ခေါ်ဆိုခဲ့ရာ ပြန်ထူးသံ မကြားသဖြင့် ရဲတပ်ဖွဲ့ဝင်
များက စိုးရိမ်တကြီးဖြင့် တံခါးများအား ရိုက်ချိုးဖျက်စီး၍ ၀င်ရောက်ခဲ့သည်။

ရဲစခန်းမှူးမှာ ၎င်းင်းအိပ်သည့် ကုတင်အနီးတွင် နိုင်လွန်ကြိုးကို အသုံးပြု၍ မိမိကိုယ်ကို
အဆုံးစီရင်သွားခဲ့သည်။ သေဆုံးသူမှာ ပြန်တမ်းဝင်အရာရှိ ဒုရဲမှူး မြတ်စိုးနိုင်ဖြစ်သည်။

မော်လိုက်ရဲစခန်း ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၁၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။