ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် သုံးဝမ်းကွဲတော်စပ်သူ ဦးလေးဖြစ်သူက ကားတင်ပြေးခဲ့ပြီး
သားမယားပြုကျင်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ ၂၀ အချိန်ခန့်တွင် တွံတေးမြို့နယ်နေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးက
သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ဦးလေး
သုံးဝမ်းကွဲတော်စပ်သူ သီဟကိုက ၎င်းအလုပ်လုပ်ကိုင်သည့် စက်ရုံရှေ့သို့ရောက်လာပြီး
ပြောစရာရှိသဖြင့် ခဏထွက်လာရန် ဖုန်းဆက်ခေါ်သဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာခဲ့သည်။
ထိုသို့ ထွက်လာစဉ် ဘုရားလမ်းထိပ်အရောက် သီဟကိုက အငှားယာဉ်ဖြင့် အတင်းအကြပ်
ခေါ်ဆောင် သွားခဲ့သည်။
ထို့နောက် လှိုင်သာယာ အဝေးပြေးကားဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်တည်းခိုခဲ့ပြီး
သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်
အဝေးပြေးမှ ပုသိမ်မြို့သို့ သွားခဲ့ပြီး ရပ်ကွက်တစ်ခုရှိ လူနေလိုင်းခန်းအဆောင်တွင် ညအိပ်ပြီး
သားမယားပြု ကျင့်ခဲ့သည်ဟု တိုင်ကြားချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ပုသိမ်မှ ထွက်ပြေးခဲ့ပြီး အရေးယူပေးရန်
တိုင်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက(ပ)၁၉၆/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ အရ
အမှုဖွင့်အရေးယူထားသည်။
















