တာမွေမြို့နယ်၌ စိတ်ကြွဆေးပြား ကျပ်သိန်း ၂၄,၈ဝဝ ဖိုး ဖမ်းဆီးရမိ

တာမွေမြို့နယ်၌ စိတ်ကြွဆေးပြား ကျပ်သိန်း ၂၄,၈ဝဝ ဖိုး ဖမ်းဆီးရမိ

တာမွေမြို့နယ်၌ ကျပ်သိန်း၂၄,၈ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖေဖော်ဝါရီ ၈ ရက်တွင်
သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ ည ရ နာရီတွင် မူးယစ်တပ်ဖွဲ့စုနှင့် ဗဟန်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်များသည်
သတင်းအရ မော်ဒန်--လက်ဖက်ရည်ဆိုင်၌ စောင့်ဆိုင်းနေစဉ် တာမွေမြို့နယ်နေ
ဇော်မင်းနိုင်ဆိုသူက ဖုန်းဖြင့်စိုးနိုင်ထံ မူးယစ်ဆေးဝါး မှာယူကြောင်း၊ ည ရ နာရီကျော်တွင်
စိုးနိုင်သည် အငှားယာဉ်ဖြင့် ဆိုင်အတွင်း ဝင်လာ၍ ၄င်းယာဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့
ခေါ်ယူ ရှာဖွေခဲ့ရာ ျွှ့ စာတန်းပါနီညိုရောင် စိတ်ကြွဆေးပြား တစ်သိန်းကိုသိမ်းဆည်းရမိသည်။

ဗဟန်းမြို့မရဲစခန်းက မယ(ပ)၆/၁၆ ဖြင့် စစ်ဆေးခဲ့ရာ စိုးနိုင်နေထိုင်ရာ တိုက်ခန်းအတွင်း
ဆေးပြား ၃၉၆,ဝဝဝ ထပ်မံသိမ်း ဆည်းခဲ့သည်။