မရမ်းကုန်းမြို့နယ်တွင် လက်ဖက်ရည်ဆိိုင်ရှေ့ဆိုင်ကယ်ပိတ်ရပ်သည့်ကိစ္စစကားများရန်ဖြစ်စဉ်
၀ုိင်းဝန်းထိုးကြိတ်ခဲ့ပြီး ဓားမြောင် ဖြင့်ထိုးခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁ ရက်နေ့ ည ၁၂
နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
မရမ်းကုန်းမြို့နယ်နေ ကိုသန်းမင်းစိုးသည် နေအိမ်တွင်အိပ်နေစဉ်အစ်ကိုဖြစ်သူ စိုင်းမင်း ထွန်း
ရန်ဖြစ်၍ဒဏ်ရာရရှိထားပြီးအင်းစိန်ဆေးရုံတွင် ရောက်နေကြောင်း သတင်းအရသွား ရောက်
ကြည့်ရှုခဲ့သည်။
ထိုသို့သွား ရောက်ကြည့်ရှုခဲ့ရာ ကိုစိုင်းမင်းထွန်းသည် (၁)ရပ်ကွက် ကံကော်လမ်းသွယ် (၃)
လမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဆိုင်ကယ်ပိတ်ရပ် သည့်ကိစ္စ နှင့်ပတ်သက်၍ အောင်မိုး(၄၀
နှစ်)ပါ ၆ ဦး(စုံစမ်းဆဲ)တို့မှ ၀ုိင်းဝန်းထိုးကြိတ်ခဲ့ပြီး လဲကျ သွားစဉ် အောင်မိုးက ဓားမြောင်ဖြင့်
ထိုးခဲ့သဖြင့် ယာခြေသလုံးထိုးသွင်းဒဏ်ရာ၊၀ဲပါးပွန်း၊ ဦး ခေါင်းယာဘက်နာကျင်ဝဲယာခြေမျက်စိ
နာကျင်ဒဏ်ရာများရရှိတက်ရောက်ကုသနေရကြောင်း သိရသဖြင့် အရေးယူပေးရန်တိုင်ကြား
ခဲ့သည်။
ဘုရင့်နောင် နယ်မြေရဲစခန်းက (ပ)၆၁/၁၄ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူ
ထားကြောင်း သိရသည်။
















